ရှေ့သို့
Image

ချဲလ်ဆီးပစ်မှတ် ဖိုဖာနာအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘရန်ဒန်ရော်ဂျာ

1:46 PM, 15 August

အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဖိုဖာနာတစ်ယောက် လက်စတာပရိသတ်တွေကို နှုတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို နည်းပြ ရော်ဂျာက ငြင်းဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်သားဟာ အခုနွေရာသီမှာ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်တွေထဲကတစ်ဦးဖြစ်ပြီး ၂ ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေသေးတာဖြစ်ကာ လက်စတာက ပေါင်သန်း ၈၀ လောက်အလိုရှိနေပါတယ်။

ဖိုဖာနာက ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရယူထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ ယုံကြည်ရကာ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ကျန်အသင်းဖော်တွေက ကွင်းလယ်မှာ အကျီတွေလဲနေပေမယ့် ဖိုဖာနာက လက်စတာပရိသတ်တွေကို သွားရောက်နှုတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းပွဲမှာ ရော်ဂျာက “ကောင်းပါပြီ။ တကယ်လို့ ရေးဖို့လိုအပ်တယ်ဆိုရင်လည်း သူနှုတ်ဆက်နေတယ်ဆိုတာကို ရေးနိုင်ပါတယ်။ ဒါကပုံပြင်တစ်ခုပါပဲ။ ကျွန်တော့်အထင်တော့  သူက သာမန်နှုတ်ဆက်တာပါပဲ။ ထွက်ခွာဖို့ နှုတ်ဆက်တာတော့ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ရေးဖို့လိုအပ်တယ်ဆိုရင်လည်း ရေးကြပါ”လို့ ပြောကြားခဲ့ပါတယ်။

ရော်ဂျာက မကြာသေးခင်တုန်းကလည်း ဖိုဖာနာဟာ ရောင်းချဖို့မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သေးတာ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက လက်စတာဟာ နောက်ခံလူ မက်ဂွါရီကို ပေါင်သန်း ၉၀ နဲ့ ယူနိုက်တက်ထံ ရောင်းချခဲ့သေးတာဖြစ်ပါတယ်။

ပြင်သစ်သားဟာ ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် ၂၀၂၁ - ၂၂ ရာသီမတိုင်ခင် ခြေထောက်ကျိုးခဲ့တာကြောင့် အနားယူခဲ့ရကာ မတ်လတုန်းက လက်စတာက ၅ နှစ်စာချုပ်သစ် ကမ်းလှမ်းခဲ့ပါတယ်။

#ချဲလ်ဆီး #လက်စတာ #ဖိုဖာနာ #ရော်ဂျာ