ရှေ့သို့
Image

ဘာစီလိုနာမှာ ပီယာနစ်ဆက်ရှိနေမယ်လို့ နည်းပြ ဇာဗီ အတည်ပြု

12:56 PM, 14 August

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ကွင်းလယ်လူ ပီယာနစ်ဟာ အခုရာသီ ဘာစီလိုနာမှာ ဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

ဘော့စနီးယားသားဟာ ၂၀၂၀ နွေရာသီတုန်းက ယူရိုသန်း ၆၀ နဲ့ ဂျူဗင်တပ်စ်ထံကနေ ဘာစီလိုနာအသင်းထံရောက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဘက်ဆစ်တက်ခ်အသင်းထံ အငှားထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၃၂ နှစ်သားရဲ့ရာသီကြိုခြေစမ်းပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ဇာဗီဟာ ဘက်စ်ကွက်နေရာမှာ နေရာပေးဖို့ ပြင်ဆင်လာပါတယ်။

“ကျွန်တော်တို့ ဘက်စ်ကွက်နေရာမှာ အစားထိုးဖို့ ရွေးချယ်စရာတွေရှိနေပါတယ်။ ပီယာနစ်က အသင်းမှာဆက်ရှိနေမှာပါ။ ဒါ့အပြင် ကက်ဆီး ၊ ခရစ္စတီယန်ဆန် ၊ ဒီဂျောင်တို့လည်းရှိနေပါတယ်။

ဒီဂျောင်က ကျွန်တော့်အတွက် အရေးပါတဲ့ကစားသမားပါ။ သူ့ကို သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိ အသုံးပြုနိုင်ပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဈေးကွက်က ဆက်လက်ဖွင့်နေဆဲပါ။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အူဘာမီယန်း နဲ့ ကျန်ကစားသမားတွေက အသင်းမှာဆက်ရှိနေမှာပါ”လို့ ဇာဗီက ပြောကြားခဲ့ပါတယ်

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ပီယာနစ်