ရှေ့သို့
Image

ဗယ်လက်ကာနိုနဲ့ပွဲဦးထွက်မှာ သရေကျခဲ့ပြီးနောက် ပရိသတ်တွေကို စိတ်ရှည်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ ဇာဗီ

9:40 AM, 14 August

ဘာစီလိုနာနည်းပြ ဇာဗီက ယမန်နေ့ည ဗယ်လက်ကာနိုနဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲပြီးနောက် ပရိသတ်တွေကို စိတ်ရှည်ပေးကြဖို့ တောင်းဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားကောင်းတွေကို ထည့်ကစားခဲ့ပေမဲ့ အဆုံးသတ်ပိုင်း အားနည်းခဲ့ပြီး ၂၁ကြိမ် ဂိုးပေါက်ကန်သွင်းရာမှာ ၆ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းဟာ ယမန်နှစ်ရာသီကုန်က ပွဲစဉ်တွေအပါအဝင် လာလီဂါမှာ ဂိုးမသွင်းနိုင်ဘဲ နိုင်ပွဲပျောက်တာ ၃ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကစားသမားသစ်တွေဖြစ်တဲ့ လီဝန်ဒေါ့စကီး၊ ရာဖင်ဟာ၊ ခရစ္စတန်ဆန်၊ ကတ်ဆီတို့ကို မှတ်ပုံတင်ခဲ့ပြီ အဆိုပါကစားသမားတွေအားလုံး ဝင်ကစားခဲ့ပေမဲ့ စွမ်းဆောင်ရည်ကတော့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။

ယမန်နေ့ညပွဲစဉ်အပြီး ဇာဗီက “ကျွန်တော်တို့မှာ မျှော်မှန်းချက်တွေ ရှိတာကြောင့် လမ်းကြောင်းမှန်ပေါ် ရှိနေတယ်ဆိုတာ ပြသချင်ခဲ့ပေမဲ့ အခုမှ အစပဲ ရှိပါသေးတယ်။ ဒီအသင်းကို စိတ်ရှည်ပြီး ယုံကြည်ပေးကြဖို့ တောင်းဆိုလိုပါတယ်။ ဒီနေ့က စိတ်ပျက်စရာ ဖြစ်ခဲ့ပေမဲ့ အခုမှ အစပဲ ရှိသေးပြီး အောင်မြင်မှုကို ဦးတည်နိုင်မယ့် အစီအစဉ်တွေကို ဆက်ပြီး ယုံကြည်ရပါမယ်”

“မျှော်မှန်းချက်တွေ ရှိတာကြောင့် အသင်းက ပြိုင်ဆိုင်မှု ပိုပြီးပြင်းထန်လာပါတယ်။ အခုတော့ ကျွန်တော်တို့ နည်းပြဖြစ်တဲ့ ကျွန်တော့်အပေါ် ဖိအားတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဗယ်လက်ကာနိုက နည်းစနစ်ပိုင်းအရ အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ ကျွန်တော်တို့ ဆက်ပြီး တိုးတက်နေရပါမယ်”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်အပတ်မှာတော့ နောက်ထပ် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်နဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ဗယ်လက်ကာနို