ရှေ့သို့
Image

ရိုမယ်လူ လူကာကူက ပရီးမီးယားလိဂ်မှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်သေးတယ်လို့ ပြောဆိုလိုက်တဲ့ ကွန်တီ

2:45 PM, 13 August

ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီးနောက် စီးရီးအေကလပ် အင်တာမီလန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လူကာကူ က ပရီးမီးယားလိဂ်မှာ ထိပ်တန်းတိုက်စစ်ကစားသမား တစ်ယောက်အနေနဲ့ အောင်မြင် နိုင်တဲ့ စွမ်းရည်တွေ ရှိသေးတာကြောင့် ချဲလ်ဆီးအသင်းဘက်က အလေးထားပေးမှု ပိုမိုလိုအပ်တယ်လို့ တော့တင်ဟမ်အသင်းရဲ့ နည်းပြ ဖြစ်သူ အန်တိုနီယို ကွန်တီက ပြောဆိုလိုက်တာပါ။

ကွန်တီရဲ့ တော့တင်ဟမ်အသင်း က လာမယ့် တနင်္ဂနွေနေ့မှာတော့ မြို့ခံဘက်ပြိုင်ဘက် ချဲလ်ဆီးအသင်းကို သူတို့ရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ် မှာ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်တာကြောင့် ကိန်းနဲ့ လူကာကူတို့လို ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှုး နှစ်ဦး ဆုံတွေ့ခွင့် မရတာနဲ့ ပက်သက်လို့ အခုလို ပြောကြား လိုက်တာလည်း ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းမှာ အဓိက အထာင်တိုက်စစ်မှုး ဖြစ်တဲ့ ဟယ်ရီကိန်းလို ကစားသမားမျိုးက တိုက်စစ် လမ်းကြောင်းဖော်ဆောင်ရာမှာ ဦးဆောင်လာမှာ ဖြစ်ပေမဲ့ သောမက်စ်တူချယ်ရဲ့ ချဲလ်ဆီး အသင်းဘက်မှာတော့ လောက်လောက်လားလား အမှီပြုနိုင်တဲ့ ထိပ်တန်း အထောင် ကစားသမား မရှိတာကြောင့် တိုက်စစ်အားသန် ကစားသမား တစ်ဦးကို အထောင် နေရာမှာ ဟန်ပြ အသုံးပြုလာနိုင်ဖွယ် ရှိပါတယ်။

ချဲလ်ဆီးအသင်းက အငှားချထားတဲ့  လူကာကူနဲ့ ပက်သက်ပြီး“သူအင်တာမှာ နှစ်နှစ်လာကစားတုန်းက ခြေစွမ်းပိုင်းက တကယ့် ထိပ်တန်း တိုက်စစ် ကစားသမားတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ပရိတ်သတ်တွေ ကလည်း လူကာကူ ကို အပြည့် အဝထောက်ခံအားပေခဲ့ ကြာတာဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ လည်း အားပေးထောက်ခံမှုတွေ လိုနေတာပါ”“ဒီလို ထောက်ခံမှုတွေကို ရဖို့ သူက အင်တာကို ပြန်သွားခဲ့တာလို့ ထင်တယ်။ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာလည်း အမှားတစ်ခု ပြုလုပ်မိတာမျိုးတော့ မဟုတ်ပါဘူး”“လူကာကူ က ချဲလ်ဆီးကနေ အင်တာကို တစ်နှစ်အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ ပြီ ဖြစ်ပေမဲ့ ပရီးမီးယားလိဂ် မှာ ကစားမယ်ဆိုရင်လည်း သူ့အနေနဲ့ အောင်မြင်မှု တွေ ရယူနိုင် ဦးမှာပါ” လို့ တော့တင်ဟမ် အသင်းနဲ့ အတူ ရလဒ်ကောင်းတွေ ရယူထားနိုင်နေတဲ့ နည်းပြ ကွန်တီက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းက ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ပွဲစဉ် ၂အဖြစ် တနင်္ဂနွေ (နံနက်ဖြန်) မှာ ယှဉ်ပြိုင် ကစားသွား ရမှာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ကွန်တီ #လူကာကူ