ရှေ့သို့
Image

ဒီဂျောင်ကို ခေါ်ယူတာက ချဲလ်ဆီးအသင်း အမှားပြုလုပ်တာပဲလို့ ယူဆနေတဲ့ ဂါးလက်စ်

11:30 AM, 13 August

ယခုအပြောင်းအရွေ့ကာလမှာ ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ဟာ လူတိုင်းတဲ့ ပါးစပ်ဖျားမှာ ပြောစရာအများဆုံး ကစားသမား ဖြစ်ပါတယ်။ ဘာစီလိုနာကွင်းလယ်ကစားသမားကို ချဲလ်ဆီးအသင်းနဲ့ ယူနိုက်တက် အသင်းတို့က ချိတ်ဆက်နေပြီး ဂါးလက်စ်ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီဂျောင်ကို ခေါ်ယူတာက အမှားတစ်ခုပြုလုပ်တာပဲလို့ ပြောကြားလိုက်ပါတယ်။

Mundo Deportivoမှာ ဂါးလက်စ်က"ဒီဂျောင်က တကယ့် ကစားသမားကောင်းတစ်ယောက်ပါ။ သူက အသက်ငယ်သေးပေမယ့် သြူစားတဲ့ နေရာအတွက် တကယ့်ကို အတွေ့အကြုံပြည့်ဝတဲ့ ကစားသမားပါ။ ဒါပေမယ့်လည်း ချဲလ်ဆီးအနေနဲ့ ဒီဂျောင်လို ကစားသမားမျိုးကို မစဉ်းစားမရွေးချယ်သင့်ပါဘူး။ သူတို့အသင်းမှာ အလားတူ ပုံစံ ကစားသမားတွေ ရှိပြီးသားပဲ။ သူတို့အနေနဲ့ ကတ်စ်မဲရိုး ၊ ရိုဒရီတို့လို ကစားသမားတွေ ကို ခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်။ သူတို့ကမှ နောက်တန်းကို ကာကွယ်ပေးကူပြီး နိုင်တာပါ။ ကြံ့ခိုင်ရေးလည်း သူတို့ကပိုကောင်းတယ်။ ဒီဂျောင်လိုမျိုး ကစားဟန်နဲ့ ကစားသမားက ချဲလ်ဆီးမှာ ရှိပြီးသားပဲ"လို့ ဂါးလက်စ်က ဆိုပါတယ်။

ပြင်သစ်သား ဂါးလက်စ်ဟာ ချဲလ်ဆီးအသင်းမှာ ၂၀၀၁ ခုနှစ်ကနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့ပါတယ်။ သူဟာ နည်းပြ မော်ရင်ဟိုလက်အောက်မှာ ကစားပြီး ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊ FA ဖလားတစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်းတစ်ကြိမ်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ သူဟာပရီးမီးယားလိဂ် ကလပ်အဖြစ် ချဲလ်ဆီး အပြင် အာဆင်နယ်နဲ့ တော့တင်ဟမ် အသင်းတို့မှာလည်း ကစားခဲ့ဖူးပါတယ်။

ဖရန်ကီဒီဂျောင်ကတော့ အေဂျက်အသင်းမှာ ကစားခဲ့ပြီး ၂၀၁၈ -၁၉ ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူဟာ ၂၀၁၉ နွေရာသီမှာ ပြောင်းရွေ့လာခဲ့ပါတယ်။ ထိုအချိန်ကနေ ယခု ၃ ရာသီ ဖြတ်သန်းပြီးသည်အထိ သူဟာ ဘာစီလိုနာ ကွင်းလယ်မှာ ကောင်းစွာခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ထို့ကြောင့်လဲ ဘာစီလိုနာအသင်းက ကစားသမားကို ရောင်းချဖို့ ကြိုးစားနေတာပါ။

#ချဲလ်ဆီး #ဒီဂျောင် #ဂါးလက်စ်