ရှေ့သို့
Image

ချဲလ်ဆီးအနေနဲ့ အေဘရာဟမ်ကို ပြန်လည်ခေါ်ယူသင့်တယ်လို့ အလီမက်ကွိုင်း ထောက်ပြ

5:14 PM, 12 August

ရိန်းဂျားနည်းပြဟောင်း အလီမက်ကွိုင်းက ချဲလ်ဆီးအနေနဲ့ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ ရိုးမားတိုက်စစ်မှူး အေဘရာဟမ်ကို ပြန်လည်ခေါ်ယူသင့်တယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။

အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချဲလ်ဆီးထံကနေ ရိုးမားအသင်းထံပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး မော်ရင်ဟိုရဲ့အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ယူူရိုပါကွန်းဖရန့်လိဂ်ဖလားရယူပေးနိုင်ခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ မက်ကွိုင်းက ချဲလ်ဆီးအနေနဲ့ ဝါနာထွက်ခွာသွားတဲ့နေရာမှာ အေဘရာဟမ်နဲ့ ပြန်လည်အစားထိုးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အခုပြောပါမယ်။ ချဲလ်ဆီးအနေနဲ့ အမှားလုပ်မိတယ်လို့ ကျွန်တော်မြင်ပါတယ်။ အေဘရာဟမ်က ချဲလ်ဆီးမှာတုန်းက ဂိုးမသွင်းနိုင်ခဲ့သလို ကံလည်းမကောင်းခဲ့ပါဘူး။

အခုနောက်တိုင်းပြည်တစ်ခုရောက်ချိန်မှာတော့ တကယ်ကောင်းတဲ့စွမ်းဆောင်ရည်တစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။ သူအင်္ဂလန်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။

သူက ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်နေပြီလို့ ကျွန်တော်မြင်ပါတယ်”လို့ မက်ကွိုင်းက ပြောကြားခဲ့ပါတယ်။

အေဘရာဟမ်ကတော့ ရိုးမားအသင်းကနေ ထွက်ခွာလိုခြင်းမရှိပဲ အသင်းမှာ ဆက်နေဖွယ်ရှိနေကာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၆၈ သန်းတန်ကြေးရှိနေပါတယ်။

ဒါပေမယ့် တူချယ်ရဲ့အစီအစဉ်ထဲမှာ မပါဝင်တော့တဲ့အနေအထားမှာ ရောင်းထုတ်ခံလိုက်ရတာကြောင့် ပြန်လည်ပြောင်းရွှေ့လာဖို့တော့ ခက်ခဲနိုင်တာဖြစ်ပါတယ်။

#ချဲလ်ဆီး #အေဘရာဟမ်