ရှေ့သို့
Image

စီရော်နယ်ဒိုကို ပြန်ခေါ်မှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆန်လိုက်တဲ့ ပီရက်ဇ်

10:42 AM, 12 August

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာချင်နေတဲ့ စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူနိုင်ဖို့အလားအလာတွေအပေါ် ပြတ်ပြတ်သားသားငြင်းဆန်ပယ်ချခဲ့တာကြောင့် ပေါ်တူဂီစတားအနေနဲ့ ဥရောပထိပ်သီးအသင်းတွေဆီက ဆွဲဆောင်မှုရှိတဲ့ကမ်းလှမ်းတွေရရှိဖို့ ဆက်လက်ရုန်းကန်ရဖွယ် ရှိပါတယ်။

အခုနွေရာသီကာလမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေတဲ့ စီရော်နယ်ဒိုက စပိန်ထိပ်သီးကလပ် နောက်တစ်ကြိမ်ပြန်လည်ပူးပေါင်းနိုင်မယ်ဆိုတဲ့ထင်ကြေးတွေလည်း ထွက်ပေါ်လာတာပါ။ ဒါပေမယ့် ဘာနေဗျူးအကြီးအကဲ ပီရက်ဇ်ကတော့ စီရော်နယ်ဒိုနဲ့ ကလပ်အသင်းတို့ ပြန်လည်ပေါင်းစည်းဖို့ အကြံပြုချက်တွေကို ပယ်ချခဲ့ပါတယ်။

ကြာသပတေးနေ့မှာ လူမှုကွန်ရက်စာမျက်နှာတွေမှတဆင့် ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းတိုတစ်ခုမှာတော့ ပီရက်ဇ်က ပေါ်တူဂီစတားရဲ့အသက်ကို ရည်ညွှန်းကာ ရယ်ရယ်မောမောဖြင့် “ စီရော်နယ်ဒိုကို နောက်တစ်ကြိမ်ပြန်ခေါ်ယူဖို့လား? သူက အသက်-၃၈ နှစ်ရှိနေပြီ” လို့ ပြောဆိုသွားပါတယ်။

ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်ကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အောင်ပွဲအပြီး ဟယ်လ်ဆင်ကီမြို့ရှိ ဟိုတယ်တစ်ခုမှာ ရောက်ရှိနေတဲ့ ပီရက်ဇ်ကို ပရိသတ်တွေက မေးခွန်းထုတ်လိုက်ချိန် အခုလို ပြန်လည်ပြောဆိုခဲ့တာပါ။ အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စပိန်ထိပ်သီးကလပ်က မိုနာကိုကွင်းလယ်ကြယ်ပွင့် ချူအာမန်နီကို ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့သလို ချဲလ်ဆီး နောက်ခံလူဟောင်း ရူဒီဂါကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရန်ခုံကနေတဆင့် ပါဝင်ခွင့်ရခဲ့ပေမယ့် လာမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ နည်းပြတန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရရှိဖွယ် ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီးရဲလ်မက်ဒရစ် #ရော်နယ်ဒို #ပီရက်ဇ်