ရှေ့သို့
Image

စာချုပ်သစ် လက်မှတ်ထိုးခဲ့ပြီးနောက် လီဗာပူးနဲ့ အနာဂတ်အပေါ် စိတ်လှုပ်ရှားနေတဲ့ အီလီယော့

9:52 AM, 12 August

လီဗာပူးအသင်း လူငယ်ကစားသမားလေး အီလီယော့တ်ဟာ အသင်းနဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့ အန်ဖီးလ်ကလပ်ဘက်က ကြာသပတေးနေ့တုန်းက ကြေညာလိုက်ပါတယ်။

အသက် ၁၉ နှစ်သားဟာ ၂၀၁၉ တုန်းက ဖူလ်ဟမ်အသင်းထံံကနေ လီဗာပူးအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ၂၂ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ ၂၀၂၀ - ၂၁ ရာသီတုန်းက ဘလက်ဘန်းအသင်းမှာ အငှားထွက်ကစားခဲ့ပြီး ၄၂ ပွဲမှာ ၇ ဂိုးသွင်း ၊ ၁၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါရာသီအပြီးမှာ အီလီယော့တ်တစ်ယောက် လီဗာပူး အသင်းထံပြန်ရောက်လာခဲ့ပေမယ့် ၃ ပွဲဆက် ပွဲဦးထွက် ပါဝင်ခွင့်မရခင် နောဝစ်ချ်နဲ့ပွဲမှာ ၇ မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ပွဲစဉ် ၄ ဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာတော့ ပြင်းထန်တဲ့ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး အနားယူခဲ့ရကာ ဖေဖော်ဝါရီတုန်းကမှ ပြန်လာနိုင်ခဲ့တာဖြစ်ကာ ကာဒစ်ဖ်နဲ့အက်ဖ်အေဖလားပွဲမှာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ စနေနေ့က ကစားခဲ့တဲ့ အသင်းဟောင်း ဖူလ်ဟမ်နဲ့ပွဲတုန်းကတော့ အရန်ခုံမှာ ထိုင်နေခဲ့ရပြီး ဒီရာသီမှာတော့ ပါဝင်ကစားခွင့်ရဖွယ်ရှိနေပါတယ်။

စာချုပ်သစ်ကြောင့် အင်္ဂလန်သားဟာ လာမယ့် ၂၀၂၇ အထိ အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ “ကျွန်တော် ဒီမှာ နှစ်တွေအကြာကြီးရှိနေရတော့မယ်ဆိုတာကို သိရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်အခုဆို အရမ်းပျော်နေပြီး စိတ်လည်းလှုပ်ရှားနေပါပြီ။  ကျွန်တော့်အတွက်ကော ကျွန်တော့်မိသားအတွက်ပါ အနိမ့်အမြင့် အတက်အကျတွေများခဲ့ပါတယ်။ ဒီနှစ်တွေမှာ အဖြစ်အပျက်တွေအများကြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော် အသင်းနဲ့အတူ အောင်မြင်မှုတွေအများကြီး ရယူချင်ပါတယ်။ လီဗာပူးအသင်းအတွက် ကစားပေးရပြီး အသင်းအကျီကို ဝတ်ဆင်ခွင့်ရတာက တကယ်ကောင်းမွန်လှပါတယ်။ ကျွန်တော် ဒီမှာအမှတ်တရတွေအများကြီး ရှိချင်ပါတယ်။ အခုလိုစာချုပ်သစ် ချုပ်ဆိုရတဲ့အတွက်လည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်”လို့ အီလီယော့တ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အီလီယော့