ရှေ့သို့
Image

နောက်ထပ် မုဒိန်းမှု မကျူးလွန်တော့ပါဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ မန်စီးတီးနောက်တန်းကစားသမား မန်ဒီ

10:27 AM, 11 August

မုဒိန်းမှု ၈ ကြိမ်ဖြင့် တရားစွဲဆိုခံထားရတဲ့ မန်ဒီဟာ ဗုဒ္ဓဟူးနေ့မှာ တရားရုံးသို့ လာရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မုဒိန်းမှု ၇ ကြိမ်၊ မုဒိန်းကျင့်ရန် ကြိုးစားမှု ၁ ကြိမ် နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ ကြိမ်တို့ကို ငြင်းဆိုထားတာဖြစ်ပါတယ်။

သူဟာ ၁၀ ကြိမ်မြောက်ကို မကျူးလွန်ပါဘူးလို့ လျှောက်လဲခဲ့တာဖြစ်ပြီး အရင်ကကိစ္စတွေကိုလည်း ကျူးလွန်ထားခြင်းမရှိပါဘူးလို့ ပြောဆိုထားတာဖြစ်ပါတယ်။ အသက် ၂၈နှစ် အရွယ် ကစားသမားဟာ မန်စီးတီးရဲ့ ပွဲပယ်ထားခြင်းကို ခံထားရတာဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာလ နှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လတို့အကြား အမျိုးသမီငယ် ၇ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများရှိတယ်လို့ စွပ်စွဲခြင်းခံထားရသူဖြစ်ပါတယ်။

ဒါကြောင့် သူဟာ အသက် ၄၀ အရွယ် လူးဝစ်စ်ဆာဟာမက်ထရီနှင့်အတူ တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မက်ထရီကလည်း အမျိုးသမီးငယ် ၈ ဦးအပေါ် မုဒိန်းမှု ၈ ကြိမ်နှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၄ ကြိမ် ကျူးလွန်ခဲ့တယ်ဆိုတာကို ငြင်းဆိုထားတာဖြစ်ပါတယ်။

ဂျူရီအဖွဲ့ကတော့ အဆိုပါအမှုကို ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးမယ်လို့ ထင်ရပါတယ်။ အမှုစစ်ဆေးမှု မတိုင်ခင်မှာတော့ မည်သည့်အမျိုးသမီးတွေကမှာ လာရောက်လျှောက်လဲထားခြင်းတော့ မရှိပါဘူး။ မန်ဒီဟာ ၂၀၁၇ခုနှစ်မှာ မိုနာကိုကနေ မန်စီးတီးသို့ ပေါင် ၅၂ သန်းဖြင့် ပြောင်းရွေ့လာသူဖြစ်ပါတယ်။

သူဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုမခံရမီ ပြီးခဲ့တဲ့ရာသီတုန်းက ၂ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။ #မန်စီးတီး #မန်ဒီ