ရှေ့သို့
Image

ရာဘီယော့ကို ခေါ်ယူပြီးရင် နယ်သာလန် တိုက်စစ်မှူးကို ခေါ်ယူမယ့် ယူနိုက်တက်

9:49 AM, 10 August

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ပစ်မှတ် အတွက် မာကိုအာနော်တိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘိုလော့ဂ်နာက တောင်းဆိုတဲ့ဈေးက များလွန်းနေသလို ပရိသတ်တွေကလည်း ဒီအပြောင်းအရွှေ့ကို ဆန့်ကျင်ခဲ့တာကြောင့် နယ်သာလန် တိုက်စစ်မှူး ကိုဒီဂက်ပိုကို အာရုံ စိုက်လာခဲ့ပါတယ်။ 


ယူနိုက်တက်ဟာ အက်ဒရီယန်ရာဘီယော့ကို ခေါ်ယူဖို့ အတွက်လည်း ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှု ရယူထားပြီး ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အားကစား ဒါရိုက်တာ ဂျွန်မားတော့ဂျ်ဟာ ပြင်သစ်သားရဲ့ အေးဂျင့်ဖြစ်တဲ့ မိခင်ဖြစ်သူ ဗရောနစ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူဖို့ ထွက်သွားပြီ ဖြစ်ပါတယ်။ 


ယူနိုက်တက် အနေနဲ့ ရာဘီယော့အတွက် ယူရို ၁၅ သန်းကနေ ယူရိုသန်း ၂၀ ကြား ကုန်ကျဖွယ်ရှိပါတယ်။ ၂၇ နှစ်သားဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရှိတဲ့ အသင်း တစ်သင်းသင်းကို ပြောင်းရွှေ့ချင်ပေမယ့် ကွင်းလယ် ကစားသမားတွေ လိုအပ်နေတဲ့ နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်ကိုတော့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက် ရှိပါတယ်။ 


ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း နည်းပြ တာဝန်ယူထားတဲ့ ပီအက်စ်ဗွီ အသင်းက ဂက်ပိုအတွက်တော့ ပေါင် ၃၅ သန်း (ယူရို ၄၁.၄ သန်း) ကုန်ကျဖွယ် ရှိပါတယ်။ ဂက်ပိုရဲ့ ခြေစွမ်းကို အေဂျက်စ် အသင်းကို တာဝန် ယူစဉ် ကတည်းက တန်ဟတ် သိရှိထားပြီး ပြီးခဲ့တဲ့ ရာသီက ၂၁ ဂိုးသွင်းခဲ့သလို ဒီရာသီပြီးခဲ့တဲ့ ပိတ်ရက်က FC Emmen ကို အနိုင်ရရှိတဲ့ ပွဲမှာလည်း တစ်ယောက်တည်း ၂ ဂိုး သွင်းခဲ့ပါသေးတယ်။ 


၂၃ နှစ် အရွယ် ကစားသမားဟာ ပုံမှန်အားဖြင့် တောင်ပံမှာ ကစားလေ့ရှိပေမယ့် အရပ် အမောင်း မြင့်မားတာကြောင့် အထောင့် တိုက်စစ်မှူး အဖြစ်လည်း ကစားနိုင်ပါတယ်။ ဒါ့အပြင် ဂက်ပိုရဲ့ အေဂျင်စီကလည်း တန်ဟတ်ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ SEG football ပဲ ဖြစ်ပါတယ်။ ပီအက်စ်ဗွီ အကယ်ဒမီထွက် ဂက်ပိုကလည်း တန်ဟတ်နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။


ပီအက်စ်ဗွီ အနေနဲ့ကတော့ ချန်ပီယံလိဂ်သာ ဝင်ခွင့်ရရှိခဲ့ရင် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို နားထောင်ဖို့ အစီအစဉ်မရှိပါဘူး။ အဲ့ဒါကြောင့် မနေ့ညက ချန်ပီယံလိဂ် ခြေစစ်ပွဲမှာတော့ မိုနာကိုကို ၃-၂ နဲ့ အနိုင်ရရှိခဲ့လို့ ဒီအပြောင်းအရွှေ့က သိပ်မသေချာတော့ ပြန်ပါဘူး။ 


နောက်ထပ် တိုက်စစ် ပစ်မှတ် တစ်ဦးပဲ ဖြစ်တဲ့ ၁၉ နှစ်သား ဘင်ဂျမင်ဆက်စ်ကိုကလည်း ၂၀၂၃ မှာ ဆဲလ်ဘတ်ကနေ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ဖို့ သဘော တူလိုက်ပြီ ဖြစ်ပါတယ်။ အခြားသတင်းတွေအရတော့ အက်သလက်တီကိုနဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း အယ်ဗာရိုမိုရာတာကို ကစားသမားရဲ့ အေးဂျင့်ကယူနိုက်က်ကို ကမ်းလှမ်းထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရာဘီယော့ #အာနော်တိုဗစ်