ရှေ့သို့
Image

အာနော်တိုဗစ်ကို ချဉ်းကပ်လာတဲ့ ယူနိုက်တက်ရဲ့ လုပ်ရပ်ကို ခရစ္စဆက်တန် ဝေဖန်

10:02 AM, 10 August

ဘောလုံးကျွမ်းကျင်သုံးသပ်သူ ခရစ္စဆက်တန်က ယူနိုက်တက်အသင်းက အံ့အားသင့်ဖွယ် အာနော်တိုဗစ်ကို ချိတ်ဆက်လာတာနဲ့ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ယူနိုက်တက်ဟာ သြစတြေးလျသားကို အသည်းအသန်ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ကစားသမားသစ်အဖြစ်ရောက်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ တန်ဟက်ရဲ့ ပထမဆုံးပွဲကတော့ အိမ်ကွင်းမှာပဲ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တာဖြစ်ကာ အဆိုပါပွဲမှာ ကစားသမားသစ် အဲရစ်ဆင်ကို False Nine အဖြစ်ထားကစားခဲ့ပြီး ရော်နယ်ဒိုကို အရန်ခုံပို့ခဲ့တာဖြစ်ပါတယ်။

“တန်ဟက်က အဲရစ်ဆင်ကို False nine အဖြစ် ထားကစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ နည်းစနစ်ပိုင်းဆုံးဖြတ်ချက်က တော်တော်လေးဆိုးပါတယ်”လို့ ဆက်တန်က ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အခုအပြောင်းအရွှေ့မှာ အသင်းပြောင်းဖွယ်ရှိနေတယ်လို့ သတင်းထွက်နေပြီး မာရှယ်ကလည်း ဒဏ်ရာရရှိနေခဲ့တာဖြစ်ကာ အဲရစ်ဆင်ကို အထောင်အဖြစ် အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ အသက် ၃၃ နှစ်သားအရွယ် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းကို ချိတ်ဆက်လာတယ်လို့ ဖော်နေကြပါတယ်။ အာနော်တိုဗစ်ဟာ စွမ်းဆောင်တည်ငြိမ်တဲ့ ကစားသမားမျိုးမဟုတ်ပဲ ၁ ရာသီကို အမြင့်ဆုံးအဖြစ် ၁၅ ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“အချက်အလက်တွေက ယူနိုက်တက်ချိတ်ဆက်နေတဲ့ အနော်တိုဗစ်ရဲ့အချက်အလက်တွေပါ။ ကျွန်တော် ကြားကြားချင်း အံ့သြမိပါတယ်။ ပေါ်တာရဲ့ ဘရိုက်တန်အသင်းကို အရေးနိမ့်ခဲ့ပေမယ့် အခုခေါ်ယူမှုက အဆင်မပြေနိုင်ပါဘူး”လို့ ဆောက်တန်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ခရစ္စဆက်တန် #အာနော်တိုဗစ်