ရှေ့သို့
Image

တန်ဟက် အနေနဲ့ ကွင်းလယ်မှာ ဖရက်ဒ်ကို ချန်လှပ်ပြီး ကစားသမားသစ်လေးနဲ့ အစားထိုးဖို့ ဖာဒီနန် တိုက်တွန်း

9:57 AM, 10 August

ယူနိုက်တက် ဂန္ထဝင်နောက်ခံလူဟောင်း ဖာဒီနန်က တန်ဟက်အနေနဲ့ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ တိုမီနေးတို့ကို ချန်လှပ်ပြီး မာတီနက်ဇ်ကို ကွင်းလယ်မှာ ထားကစားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားသားဟာ ယူနိုက်တက်အသင်းနဲ့အဖွင့်ပွဲမှာ ရုန်းကန်ခဲ့ရပြီး ဘရိုက်တန်ရဲ့အဖွင့်ဂိုးမှာလည်း သူ့အမှားမကင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖာဒီနန်က အေဂျက်နောက်ခံလူဟာ ကွင်းလယ်ပိုင်းမှာ ကစားနိုင်စွမ်းရှိတာကြောင့် ဖရက်ဒ်နေရာမှာ ဖာဒီနန်က အစားထိုးစေချင်နေပါတယ်။

ပေါ့ဂ်ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားတဲ့အနေအထားမှာ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကိုအားဖြည့်ဖို့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ လက်ရှိကွင်းလယ်ပိုင်းမှာ ပြဿနာတက်နေပေမယ့် ဖာဒီနန်က မာတီနက်ဇ်ဟာ ကွင်းလယ်ပိုင်းမှာ ကစားနိုင်တာကြောင့် အစားထိုးဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဖာဒီနန်က မာတီနက်ဇ်ကို ကွင်းလယ်နေရာမှာ အသုံးပြုစေချင်ပါတယ်။

“ကွင်းလယ်မှာ မာတီနက်ဇ်ကို ထားကစားလို့ရပါတယ်။ ဖရက်ဒ်ကို ချန်လှပ်ပြီး ခံစစ်မှာဆို ဗာရာနီ နဲ့ မက်ဂွါရီတို့ိကို ထားလို့ရပါတယ်။ ကျွန်တော် တိုမီနေး ဒါမှမဟုတ် ဖရက်ဒ်ကို ကွင်းလယ်မှာ မထားချင်တာပါ။ ဘရိုက်တန်နဲ့ပွဲမှာဆို တိုးတက်ဖို့ လိုအပ်နေတာတွေမြင်ခဲ့ရပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

ဖာဒီနန်က မာတီနက်ဇ်ရဲ့ပွဲဦးထွက်ကို မဝေဖန်ခဲ့ပဲ အာဂျင်တီးနားသားအနေနဲ့ ပါးနပ်ဖို့ လိုအပ်နေသေးတယ်လို့တော့ ဆိုခဲ့ကာ အသင်းဖော်ဟောင်း ဟိန့်ဇီနဲ့ ဆင်တူတယ်လို့ ဆိုခဲ့ပါတယ်။

“သူ့ကိုမြင်ရတာ ဟိန့်ဇီကိုတောင် သတိရမိပါတယ်။ ဒါပေမယ့် သူကဘောလုံးနဲ့ဆိုပိုကောင်းပါတယ်။ ဒါပေမယ့် ဟာလန်း ၊ ကိန်း ၊ ဒါဝင်နူနက်ဇ် ၊ ခရစ္စဝုဒ် ၊ မီထရိုဗစ် ၊ ဝဲလ်ဘက် ဒီကစားသမားတွေက မာတီနက်ဇ်ကို ဒုက္ခပေးနိုင်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အခုလာမယ့်အပတ်မှာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #မက်တိုမီနေး #ဖရက်ဒ်