ရှေ့သို့
Image

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြတန်ဟက်ရဲ့ ကောင်းမွန်တဲ့ အစီအစဉ်တွေက ယိုင်နဲ့သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဒါးလော့

4:49 PM, 9 August

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အို့ထရက်ဖို့ဒ် ကွင်းအတွင်း၌ ဘရိုတန်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ဂိုး - ၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ ရှုံးနိမ့်မှုက မန်ချက်စတာယူနိုက်တက်နည်းပြချူပ် အဲရစ်တန်ဟတ်ရဲ့ ကြီးမားတဲ့ စီမံကိန်း တွေကို ထိခိုက်သွားစေမှာ မဟုတ်ဘူးလို့ ကာကွယ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ယူနိုက်တက်တို့က ဘရိုက်တန်အသင်းကို ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ၂ဂိုး ခွင့်ပြုပေးထားခဲ့ရကာ အရေးနိမ့်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့နောက်တန်းအစွန် ကစားသမားဖြစ်တဲ့ ဒီယေဂို ဒါးလော့က

“ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တာမှန်ပေမဲ့ ဒီရလဒ်က ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို အဟန့်အတား ဖြစ်စေမှာမဟုတ်ပါဘူး။ ဒီရလဒ်အပေါ် ထိုင်ပြီးတော့ စိတ်ပျက်နေလို့ မရသလို ကျွန်တော်တို့အနေနဲ့ စိတ်ပျက်နေဖို့ ထက် ကစားပုံပိုကောင်းလာအောင်သာ အာရုံစိုက်ထား ပါတယ်”

“ပြီးခဲ့တဲ့ပွဲက အမှားတွေကို သေချာစီစစ်ကာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားနိုင်ဖို့ လုပ်ဆောင် ရမှာပါ။ ရပ်တန့်နေလို့ မရပါဘူး”

“ကျွန်တော်တို့ အသင်းလိုက် စုဖွဲ့ ကစားရာမှာ ပိုမို အချိတ်အဆက်မိလာဖို့ လိုသေးပြီး တစ်ဖက်အသင်းကို ဖိအားပေးတိုက်စစ်ဆင်ပြီးလို့ ဘောလုံးဆုံးရှုံးသွားတဲ့ အခါတွေမှာလည်း အလျှန် အမြန်ပြန်လည် လုယုနိုင်ဖို့ လိုတာဖြစ်ပြီး ဒါက ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား လုပ်ဆောင် သွားကြရမှာ ပါ”

“မိနစ် ၉၀ လုံးကျွန်တော်တို့နောက်က အားပေးနေကြတဲ့ ပရိတ်သတ်တွေ အတွက် နိုင်ပွဲ ရယူသွားနိုင်ဖို့ရာ အချိတ်ဆက်မိမိ နဲ့ ကစားပုံကောင်းမွန်နေဖို့က အရေးကြီးပါတယ်” လို့

ယူနိုက်တက် အသင်း ရဲ့ အစီအစဉ် တွေနဲ့ ပက်သက်လို့ ရှင်းလင်းပြောဆိုသွားခဲ့ တာပဲ ဖြစ် ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့