ရှေ့သို့
Image

၇၄ပွဲ ကစားအပြီးမှာပဲ ပရီးမီးယားလိဂ် သမိုင်းရဲ့ ဂိုးကွာကွယ်မှုအများဆုံး ကစားသမား အယောက် ၅၀ စာရင်းဝင်ခဲ့တဲ့ လိဒ်ဂိုးသမား မီစလီယာ

3:06 PM, 9 August

လိဒ်ယူနိုက်တက်အသင်းရဲ့ အသက် ၂၂နှစ်အရွယ် ဂိုးသမား မီစလီယာက ပရီမီးယားလိဂ် ပွဲစဉ် ၇၄ပွဲ ကစားအပြီးမှာပဲ လိဂ် သမိုင်းတစ်လျှောက် ဂိုးပေါက် ကာကွယ်မှုအများဆုံး ဂိုးသမား အယောက် ၅၀ စာရင်းမှာ ဝင်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းက ဂိုးသမား မီစလီယာကို ၂၀၂၀ ခုနှစ်မှာ အမြဲတမ်းစာချူပ် ချူပ်ဆိုထားခဲ့တာဖြစ်ပြီး နည်းပြချူပ် ဘီယဲလ်ဆာ လက်အောက်မှာ ရူးသွပ် စရာကောင်းလောက်တဲ့ ကာကွယ်မှုတွေကို ပြုလုပ်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ကစားခဲ့တဲ့ ဝုဗ်အသင်းကို ၂ဂိုး - ၁ဂိုးနဲ့ လိဒ်အသင်းက အနိုင်ရခဲ့တဲ့ပွဲမှာ မီစလီယာက ၄ကြိမ်တောင် ကာကွယ်မှု ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၇၄ပွဲ ကစားအပြီး ဂိုးပေါက်ကာကွယ်မှု ၂၈၈ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးပေါက်ကာကွယ်မှု အများဆုံး ဂိုးသမား အယောက် ၅၀ စာရင်းမှာ ဝင်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မီစလီယာက ချဲလ်ဆီးအသင်းမှာ ၃နှစ်ကစားခဲ့ ပြီးနောက် ရီရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်ဂိုးသမား ကော်တိုရစ်ကို ကျော်တက်လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းနဲ့အတူ ၄နှစ်ကြာ ကစားအပြီးဂိုးပေါက် ကာကွယ်မှု ၂၉၅ကြိမ် အထိ ကာကွယ်မှုပြုလုပ်ပေးခဲ့တဲ့ ဂိုးသမား အလီဆန်ဘက်ကာ ရဲ့နောက်မှာ ကာကွယ်မှု ၇ကြိမ်အကွာနဲ့ ထက်အောက် ရပ်တည် နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ ၂၀၂၂-၂၃ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပုံမှန်အားဖြင့် ကစားပုံမာကျောတဲ့ ဝုဗ်အသင်းကို အနိုင်ယူကာ ၃မှတ် ပိုင်ဆိုင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

#လိဒ်စ်ယူနိုက်တက် #မီစလီယာ