ရှေ့သို့
Image

လူမျိုးရေးခွဲခြားမှု ပြုလုပ်ဖူးတဲ့ အာနော်တိုဗစ်ကို ယူနိုက်တက်က ခေါ်ယူချင်နေတဲ့အပေါ် ပရိသတ်အများစုက မေးခွန်းထုတ်

4:04 PM, 8 August

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေက ယူနိုက်တက်အသင်းက ယူရို ၂၀၂၀ ပြိုင်ပွဲကာလ အတွင်း မြောက် မက်ဆီဒိုနီးယား အသင်းကို ယှဉ်ပြိုင်ကစားစဉ် ပြိုင်ဘက်အသင်းကို လူမျိုးရေးခွဲခြား ခဲ့မှု ပြုလုပ်ခဲ့တဲ့ ဆိုပြီး သတင်းကြီးခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ဖူးတဲ့ အာနော်တိုဗစ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပေါ် ဝေဖန်မှု မျိုးစုံ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

ဪစတီးရီးယားက ၃ဂိုး - ၁ဂိုး နဲ့ အနိုင်ရယူနိုင်ခဲ့တဲ့ ထိုပွဲစဉ်အပြီးမှာ သူ့အနေနဲ့ လူမျိုးရေးခွဲခြားဖို့ ရည်ရွယ်ခဲ့ခြင်းမရှိတဲ့ ကြောင်းကိုပြောဆိုပြီး အသက် ၃၃နှစ်အရွယ် အာနော်တိုဗစ် က ပြိုင်ဘက်အသင်းကို တောင်းပန်မှု ပြုလုပ် ခဲ့ပါသေးတယ်။ အာနော်တိုဗစ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ အပေါ် ယူနိုက်တက်ပရိတ်သတ်တွေက လူမှုကွန်ယက်စာမျက်နှာတွေ အထက်မှာ အမျိုးမျိုး မှတ်ချက် ပြုနေကြတာ ဖြစ်ပါတယ်။

“လူမျိုးရေးခွဲခြားတတ်တဲ့ ကစားသမား ဖြစ်လို့ ယူနိုက်တက်နဲ့ ဝေးဝေးနေပါ” “ယူနိုက်တက်အသင်းက အာနော်တိုဗစ် လူမျိုးရေးခွဲခြားခဲ့ဖူးတာကို တောင် သိရဲလား?” “အာနော်တိုဗစ် ကို ခေါ်ယူမယ်ဆိုရင် ခြေစွမ်းပိုင်းက အဆိုးကြီးမဟုတ်ပေမဲ့ သူက လူမျိုးခွဲခြား လေ့ရှိတယ်” “အဲရစ်တန်ဟတ်ရေ အာနော်တိုဗစ်က လူမျိုးရေး ခွဲခြားတဲ့သူဆိုတာ ထည့်စဉ်းစားပေးပါဉီး။ သူလို ကစားသမားမျိုးကို ယူနိုက်တက် အသင်းရဲ့ အဝတ်စားလဲ (နားနေ)ခန်းထဲကို ပေါင်းထည့် ပေးတော့မလို့လား?” ဆိုပြီးတော့ ယူနိုက်တက် ပရိသတ် အတော်များများက လူမှုကွန်ယက်စာမျက်နာတွေ အထက်မှာ မှတ်ချက် အမျိုးမျိုး ပေးနေခဲ့ကြာတာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်းက မြောက်မက်ဆီဒိုးနီးယားအသင်းကို ဪစတီးရီးယားအသင်းက ၃ဂိုး - ၁ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း၌ အာနော်တိုဗစ်က ဪစတီးရီးယားအသင်းအတွက် တတိယမြောက် အနိုင်ဂိုးကို သွင်းယူပြီး နောက် အောင်ပွဲခံရာမှာ ပြိုင်ဘက် ကစားသမားကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ် ဆိုပြီးတော့ ဘောလုံးပရိသတ်တွေ ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာနော်တိုဗစ်