ရှေ့သို့
Image

ယူနိုက်တက်ကို ညှင်းဆဲနိုင်ဖို့အတွက် အစာအိမ်ဝေဒနာခံစားနေရတဲ့ ဝဲလ်ဘက်ကို အမိအရ ထည်သွင်းကစားစေခဲ့တဲ့ ဘရိုက်တန် နည်းပြ

11:34 AM, 8 August

ဘရိုက်တန် အသင်းရဲ့ နည်းပြ ဂရေဟမ်ပေါ်တာက ပြီးခဲ့တဲ့ညမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား ဒန်နီဝဲလ်ဘက်အနေဖြင့် အသေးစား အစာအိမ်နာကျင်နေတဲ့ ဝေဒနာကို ခံစားနေရတာ ဖြစ်ပေမဲ့ အနားမပေးခဲ့ဘဲ အသင်းဟောင်း ယူနိုက်တက်အသင်းကို ရင်ဆိုင်ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းက နယ်သာလန်လူမျိုး နည်းပြ အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ကွင်းလယ်ကစားသမား ဂရော့စ်ရဲ့ သွင်းဂိုး ၂ဂိုးဖြင့် အို့ထရက်ဖို့ဒ် ကွင်းအတွင်း၌ ၂ဂိုး - ၁ဂိုး နဲ့အနိုင်ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အတွင်းမှာ ယူနိုက်တက်အကယ်ဒမီထွက် ဘရိုက်တန် တိုက်စစ်ကစားသမား ဒန်နီဝဲလ်ဘက်က အစာအိမ်နာနေ လျှက်နဲ့ ဝင်ရောက် ကစားသွားခဲ့ရတာ ဖြစ်ပေမဲ့ ယူနိုက်တက် ခံစစ်ကြောင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဂွာရီနဲ့ မာတီနက်ဇ် တို့ကို အလုပ်ရှုပ်စေခဲ့ကာ ဦးဆောင်ဂိုး ရရှိစေမဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ကိုတောင် ဖန်တီးပေးခဲ့နိုင်တာ ဖြစ်ပါတယ်။ ဘရိုက်တန် နည်းပြ ဂရေဟမ်ပေါ်တာက ကျန်းမာရေး မကောင်းနေတာဖြစ်ပေမဲ့ ဝဲလ်ဘက်ကိုတော့ အနားပေးခဲ့ခြင်း မရှိဘဲ ဝင်ရောက် ကစားစေခဲ့တာပါ။

“ဒန်နီက ဗိုက်နာနေလျှက်နဲ့ အိမ်သာတောင် တက်ခွင့်မရလိုက်ဘဲ ကွင်းထဲကို ဝင်ကစားသွာခဲ့ရတာပါ။ ဒါပေမဲ့ သူကစားသွားတဲ့ ခြေစွမ်းပိုင်းကတော့ တကယ်ကို အံ့မခန်း ပါပဲ” “ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းမှာ တစ်ခါမှ ဘရိုက်တန်အသင်းအနေနဲ့ အနိုင်မရခဲ့သေးဘူးဆိုတာ သိကြပြီးဖြစ်မှာပါ။ ဒါက တကယ်ကို မလွယ်ကူပေမဲ့ အဆုံးမှာတော့ အနိုင်ရယူနိုင်ခဲ့ပြီး ၃ မှတ်ပိုင်ဆိုင်ခဲ့ပါပြီ” လို့

ယူနိုက်တက်အသင်းကို အဝေးကွင်းပွဲစဉ်အတွင်း၌ ၂ဂိုး - ၁ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီး ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာက ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ဘရိုက်တန် #ဂရေဟမ် ပေါ့တာ #ဝဲလ်ဘက်