ရှေ့သို့
Image

ပရီးမီးယားလိဂ်ဖလား ရနိုင်တဲ့ အသင်း ၅ သင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ရက်ပ်နက်

10:04 AM, 8 August

ပရီးမီးယားလိဂ်နည်းပြဟောင်း ဟယ်ရီရက်ပ်နက်က အခုရာသီမှာ အသင်း ၅ သင်းလောက် ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီး ၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ သက်ဆိုင်ရာပြိုင်ဘက်အသင်းတွေကို အနိုင်ရရှိထားပြီး မန်စီးတီးက တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ လီဗာပူးအသင်းကတော့ ဖူလ်ဟမ်ကို ၂ - ၂ သရေနဲ့ ၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ရက်ပ်နက်က ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ချန်ပီယံဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပြီး အခြား ၄ သင်းအဖြစ် စီးတီး၊ ချဲလ်ဆီး၊ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နည်းပြဟောင်းက ယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေကာ တန်ဟက်ရဲ့အသင်းအနေနဲ့ ကစားသမား ၃ ဦး ဒါမှမဟုတ် ၄ ဦးလောက် လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

“လီဗာပူးကတော့ ဒီနှစ်ချန်ပီယံဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတော်တော်လေးနီးစပ်ခဲ့တာပါ။ ၁ မှတ်တည်းနဲ့ ကပ်ပြီး လွဲချော်ခဲ့တာပါ။ ဒီနှစ်မှာ လီဗာပူးချန်ပီယံဖြစ်လာနိုင်ပါတယ်။ သူတို့  ၂ သင်းက အံ့ဖွယ်အသင်းတွေပါ။ မန်စီးတီးကလည်း ကမ္ဘာ့အကောင်းဆုံးအသင်း တစ်သင်းပါ။ ပြီးတော့ တော့တင်ဟမ်ကလည်း ပိုတောင့်တင်းလာပါတယ်။ ဒီနှစ်မှာ သူတို့က ပိုနီးစပ်လာတယ်လို့ ထင်ပါတယ်။ အဲ့နောက် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ပါ။ သူတို့  ၅ သင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ပါတယ်။ ယူနိုက်တက်ကတော့ ကစားသမားတွေအားဖြည့်ဖို့ လိုအပ်နေပါသေးတယ်”လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #အာဆင်နယ် #ရက်ပ်နက်