ရှေ့သို့
Image

ဘာနာဒိုဆေးလ်ဗားကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ဂွါဒီယိုလာ ပြောကြား

1:43 PM, 6 August

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို အသင်းမှာပဲဆက်ရှိနေစေချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဘာစီလိုနာဟာ ပေါ်တူဂီကွင်းလယ်လူကို ပစ်မှတ်ထားနေပြီး မကြာခင်မှာ ကမ်းလှမ်းမှုပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ စီးတီးအသင်းမှာ ၅ နှစ်တာကာလကိုဖြတ်သန်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အထိရယူထားနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာက ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ထားမှုကို သတိထားနေပြီး ဆေးလ်ဗားတစ်ယောက် အသင်းပြောင်းမှာကို စိုးရိမ်နေပါတယ်။

စီးတီးဟာ ဇင်ချန်ကို ၊ စတာလင် နဲ့ ဂျီးဆပ်စ်တို့ကိုရောင်းထုတ်ထားပြီးဖြစ်ပါတယ်။ “သူတို့ ၃ ဦးနဲ့အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ သူတို့က အသင်းကိုအများကြီးအကူအညီပေးခဲ့ကြပါတယ်။ အချို့အချိန်တွေမှာ ကစားသမားတွေရဲ့လမ်းကြောင်းကြောင့် ထွက်ခွာသွားခဲ့ကြပါတယ်။ ကစားသမားရဲ့စိတ်ဆန္ဒက အရေးအကြီးဆုံးပါ။ ကျွန်တော် ဒီမှာရှိနေတဲ့သူတွေကို ပျော်စေချင်ပါတယ်။ ပြီးတော့ အတူတကွကြိုးစားစေချင်ပါတယ်။ ဘာနာဒိုကို ကျွန်တော်ချစ်ပါတယ်။ သူအသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး။ သူဆက်နေမယ်ရင် အရမ်းကောင်းမှာပါ။ သူထွက်ခွာချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ မတားနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကစားသမားရဲ့ဆုံးဖြတ်ချက်က အရေးကြီးတာပါ။ ကျွန်တော်ဘာနာဒိုကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ကစားသမားတွေကိုရှာဖွေရတာ ခက်ပါတယ်။ ကွန်တော် သူ့ကို ၁၀၀% ဆက်နေစေချင်ပါတယ်။ တကယ့်အရှိတရားမှာလည်း ဘာနာဒိုက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားပါ။ ဘာနာဒိုက တကယ်ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးအသင်းဟာ တနင်္ဂနွေနေ့မှာ ပွဲဦးထွက်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဆေးလ်ဗား