ရှေ့သို့
Image

အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့်မရတော့ဘူးဆိုတာ သိနှင့်နေပြီဖြစ်တယ်လို့ ပြောဆိုလိုက်တဲ့ ပါရီဆစ်

4:30 PM, 4 August

ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်အသင်းက အာဆင်နယ်အသင်းကို အနိုင်ရရယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးရတော့ မှာဖြစ်တယ်ဆိုတာ မြင်သာနေပြီ ဖြစ်တဲ့ အကြောင်း ပါရီဆစ်က ပြန်ပြောင်း ပြောဆိုလိုက် တာပါ။

တော့တင်ဟမ်အသင်းက မီခေးလ် အာတီတာရဲ့ အာဆင်နယ်အသင်းကို ဟယ်ရီကိန်း(၂ဂိုး)၊ ဆွန်ဟောင်မင်(၁ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ - ၀ ရလဒ်ဖြင့် အနိုင်ရယူနိုင်ပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အဆင့် ၄နေရာကို တက်လှမ်းဖို့ရာ များစွာ အခွင့်သာသွားခဲ့ရတာပဲ ဖြစ်ပါတယ်။

တော့တင်ဟမ်အသင်းကို ရှုံနိမ်ခဲ့သည့်တိုင် အာဆင်နယ်အသင်းက ကစားဖို့ ၂ပွဲသာ လိုတော့တဲ့ အချိန်မှာ တော့တင်ဟမ် အသင်းအထက် အဆင့် ၄နေရာက နေ ၁မှတ် အသာရ နေသေးတာပါ။ ဒါပေမဲ့ လက်ကျန် နှစ်ပွဲမှာ အဲဗာတန်ကို အနိုင်ရခဲ့ပေမဲ့ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့သာကြောင့် ဘန်လေနဲ့ နောဝစ်ချ် အသင်းတို့ကို ဆက်တိုက် အနိုင်ရယူနိုင်ခဲ့တဲ့ ၁မှတ်အကွာက တော့တင်ဟမ်အသင်းကို နေရာဖယ်ပေးလိုက်ရကာ ရာသီကုန်မှာ အဆင့် ၅နဲ့သာ ကျေနပ်ရောင့်ရဲ ခဲ့ရတာ ဖြစ်ပါတယ်။

ပါရီဆစ်က ဒီနှစ်ရဲ့ အပြောင်းအရွှေ့ရာသီမှာမှ တော့တင်ဟမ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး မတ် လမှာတစ်ကြိမ်နဲ့ မြောက်လန်ဒန်ဒါဘီမှာ တော့တင်ဟမ် အသင်းက အာဆင်နယ်အသင်းကို ဂိုးပြတ်အနိုင်ရယူအပြီးမှာ တစ်ကြိမ် တော့တင်ဟမ် နည်းပြ ကွန်တီနဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် ဆက်သွယ် ဆွေးနွေးခဲ့ဖူးတယ်လို့ ဖွင့်ဟပြောဆိုလိုက်တာပါ။

“တော့တင်ဟမ် နည်းပြကွန်တီနဲ့ ပထမဦးဆုံး ဆွေးနွေး ဖြစ်တာက မတ်လလောက်မှာ ဖြစ်မယ်ထင်တယ်။ ပြီးတော့ ဒုတိယအကြိမ်အနေနဲ့ကတော့ အာဆင်နယ်အသင်းကို ဂိုးပြတ် အနိုင်ယူလိုက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ သေချာသလောက် ရှိသွားပြီလို့ ယူဆရနိုင်လောက်တဲ့ အချိန်မှာ ဆွေးနွေးဖြစ်ခဲ့ကြတာပါ” “ကျွန်တော့ ဆန္ဒကတော့ ပရီးမီးယားလိဂ် ကို လာကစားဖို့ အမြဲဆန္ဒရှိနေခဲ့တာဖြစ်သလို ချန်ပီယံလိဂ် ပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားခွင့် ရချင်ပါတယ်” လို့ ခရိုအေးရှားလက်ရွေးစင် ကစားသမား ပါရီဆစ်က Sky Sport သတင်းဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပါရီဆစ်ရဲ့ တော့တင်ဟမ်အသင်းက ဩဂုတ်လ ၆ရက်နေ့(စနေနေ့) မှာ ဆောက်သမ်တန် အသင်း ကို ၂၀၂၂-၂၃ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဧည့်ခံ ကစားသွား ရတော့မှာ ဖြစ်ပါတယ်။

#တော့တင်ဟမ် #ပါရီဆစ်