ရှေ့သို့
Image

နိုင်ငံအသင်းဖော် ရမ်ဆေးကဲ့သို့ ပြင်သစ်လိဂ်ကို ပြောင်းရွှေ့သွားတဲ့ ဂျိုးရိုဒွန်

2:00 PM, 4 August

အသက် ၂၄ နှစ်အရွယ် တော့တင်ဟမ်နဲ့ ဝေးလ်ခံစစ်မှူး ဂျိုးရိုဒွန်ကတော့ လီဂူးဝမ်းကလပ် ရန်းနက်စ်ကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လာမယ့်နွေရာသီမှာလည်း ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ဝယ်ယူခွင့် ပါဝင်ပါတယ်။ ရိုဒွန်ဟာ ဗြိတိန်သားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ ဂလန်းဟိုဒယ်လ်၊ ခရစ္စဝက်ဒယ်လ်နဲ့ ဂျိုယေးဘာတန်တို့လိုမျိုး ပြင်သစ်မြေမှာတောက်ပဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ထိပ်တန်လိဂ်မှာ လက်ရှိကစားနေတဲ့ ဗြိတိန်နွယ်ဖွား ကစားသမား ၈ ယောက်ထိရှိနေပြီး ရိုဒွန်ကတော့ “ဗြိတိန်ကစားသမားတွေက ဒီမှာသိပ်ပြီး နာမည်မကြီးပါဘူး။ ဒါပေမယ့် ဒါတွေကိုကျော်ဖြတ်ပြီး မတူညီတဲ့ လိဂ်တွေမှာ ကစားတာက အကျိုးအမြတ်များပြီး ကိုယ့်ရဲ့ကစားသမားဘဝကိုလည်း ပိုတိုးတက်စေပါတယ်။ ဒီလိဂ်ပွဲစဉ်တွေကို ကြည့်ခဲ့ဖူးပါတယ်။ ကြံ့ခိုင်မှုရော၊ နည်းစနစ်ပိုင်းပါ အသုံးပြုရမယ်လို့ ထင်ပါတယ်။ အရမ်းအားကောင်းတဲ့ လိဂ်တစ်ခုပါ။ ကျွန်တော်သင်ယူချင်ပါတယ်၊ အဲ့ဒါကြောင့် ပွဲတွေအရမ်း ကစားချင်နေတာပါ”ဆိုပြီးပြောခဲ့ပါတယ်။
 
ရိုဒွန်ဟာ မကြာသေးမီကမှ ဂျူဗင်တပ်စ်ကနေ အလွတ်နဲ့ထွက်ခွာလာပြီး နိုက်စ်အသင်းကိုရောက်ရှိသွားတဲ့ ဝေးလ်အသင်းဖော် အာရွန်ရမ်ဆေးနဲ့အတူတူ ပြင်သစ်ထိပ်တန်းလိဂ်မှာ ကစားရတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခွင့်ရရှိနိုင်ဖို နိုင်ငံအသင်းမှာ ၂၈ ပွဲကစားပေးထားတဲ့ ရိုဒွန်ဟာ ဝေးလ်အသင်းမှာ သူ့နေရာရှိနေဖို့ ပြီးခဲ့တဲ့ရာသီက ၁၀ ပွဲသာ ကစားခွင့်ရခဲ့တဲ့ တော့တင်ဟမ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က တရားဝင်ကြေညာခဲ့ပြီးနောက် ရိုဒွန်က “ပွဲကစားခွင့် မရခဲ့ရင် အစွမ်းကုန် အလုပ်ကြိုးစားရမှာပါ။ အဲ့ဒါကြောင့်လည်း ကျွန်တော်ခေါင်းစိုက်ပြီး အလုပ်ကြိုးစားခဲ့ပါတယ်။ ကစားသမားတိုင်းကတော့ ကစားချင်ကြမှာပါး ကထမဆုံးတစ်ချက်ကတော့ အလုပ်ကြိုးစားနေဖို့ပါပဲ ” လို့ပြောခဲ့ပါတယ်။

#တော့တင်ဟမ် #ရန်းနက်စ် #အပြောင်းအရွှေ့ #ရမ်ဆေး #ဂျိုးရိုဒွန်