ရှေ့သို့
Image

ယူနိုက်တက် အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေက ရှက်ဖို့တောင် ကောင်းလာပြီ လို့ ပြောဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

11:12 AM, 4 August

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ် က ဒီနှစ် အပြောင်းအရွှေ့ ကာလအတွင်း ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေနဲ့ ပက်သက်လို့ အောင်မြင်မှု နည်းပါးနေတဲ့ အပေါ် စိတ်ကသိကအောက် ဖြစ်နေရတယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။


နည်းပြချူပ် အဲရစ်တန်ဟတ် လက်ထက် ယူနိုက်တက် အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး ခေါ်ယူဖို့ ၃လလောက် အထိ ကြိုစားလာခဲ့တဲ့ ဖရန်ကီ ဒီဂျောင် ကို ယခုအချိန်မှာတော့ အခြား ပရီးမီးယားလိဂ် ကလပ် အသင်းဖြစ်တဲ့ ချဲလ်ဆီး အသင်းက ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာလည်း ဖြစ်ပါတယ်။


ဒီဂျောင် ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပက်သက်ပြီး နဗီးလ်က “နည်းပြ တန်ဟတ် အနေနဲ့ကတော့ သူရဲ့ အဓိက ပစ်မှတ် ကစားသမားကို အသင်း တာဝန် ရှိသူတွေက ခေါ်ယူ ပေးထား နိုင်သေးခြင်း မရှိတာတောင် ရာသီသစ်ကို အကောင်းဆုံး ပုံဖော်သွားဖို့ ယုံကြည်မှု ရှိရှိ လုပ်ဆောင်နေတာပါ။”


“ပြီးခဲ့တဲ့ ၂လလောက်က ပုံစံအရတော့ ယူနိုက်တက် ပရိတ်တွေက ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဖရက်နဲ့ တိုမီနေး အပါအဝင် တိုက်စစ် ကစားသမား မာရှယ်ကို ပါ အသင်းရဲ့ ပွဲထွက် လူစာရင်း အနေနဲ့ မြင်တွေ့ လိုကြတာ မဟုတ်ပါဘူး” “နည်းပြအနေနဲ့ တိုက်စစ်ရွေးချယ်ရမှုအပိုင်းမှာ အခက်ကြုံတွေ့ရလိမ့်လို့ ထင်ပါတယ်။ 


ချဲလ်ဆီးက စတာလင်ကို ခေါ်ယူထားခဲ့သလို့ မန်စီးတီး အသင်းက ဟာလန်း၊ လီဗာပူးက ဒါဝင်နူနက်ဇ် တို့ကို ခေါ်ယူ အားဖြည့် ထားကြာတာ ဖြစ်ပေမဲ့ ယူနိုက်တက် အသင်းကတော့ ဈေးကွက် အတွင်းက ဘယ် တိုက်စစ် ကစားသမားကိုမှ အရ ခေါ်ယူထားနိုင်ခဲ့တာ မရှိပါဘူး”


“အရင် ကာလတွေတုန်းက အသင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကလည်း ဒီပုံစံ အတိုင်းပါပဲ။ နည်းပြ လိုချင်တဲ့ ကစားသမားတွေကို အရခေါ်ယူ ပေးနိုင်ခဲ့ခြင်း မရှိတာပါ”“ယူနိုက်တက် ပရိတ်သတ်တွေ ကတော့ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ စောင့်မျှော်ခဲ့ရတဲ့ ပုံစံမျိုးကို ဒေါ့မွန် အသင်းကနေ ဆန်ချိုကို ခေါ်ယူဖို့ လုပ်ဆောင်စဉ်က ကြုံတွေ့ခဲ့ ကြရဖူးပြီလည်း ဖြစ်ပါတယ်။


ကစားသမား ခေါ်ယူတဲ့ နေရာမှာ အချိန် ကြာမြင့်စွာ လုပ်ဆောင်နေပြီး အဆုံးမှာမှ ရအောင် ခေါ်ယူပေးနိုင်ခဲ့တာက အသင်းပရိတ်သတ်တွေရဲ့ ကစားသမားနဲ့အတူ စိတ်လှုပ်ရှား ရတဲ့ ပုံစံကို လျော့နည်း လာစေပါတယ်။ ဒါက တကယ်မှ စိတ်ကသိကအောက် ဖြစ်စေသလို ရှက်စရာလည်း ကောင်းပါတယ်”


“အပြောင်း အရွှေ့ ကာလက မပြီးဆုံးသေးတာကြောင့် ခေါ်ယူနိုင်ဖို့ကတော့ ဖြစ်လာနိုင်ပါသေး တယ်” လို့ The Overlap သတင်း ဌာန ကို သူ ခံစားချက်တွေ နဲ့ ပက် သက်လို့  ဖွင့်ဟလိုက်တာ ဖြစ် ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #မက်တိုမီနေး #ဂယ်ရီနဗီးလ် #ဖရက်ဒ် #တန်ဟတ်