ရှေ့သို့
Image

တိုက်စစ်မှူး ပစ်မှတ် အတွက် ကာလာဇစ်နဲ့ ဆက်စ်ကိုတို့ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

10:47 AM, 4 August

မန်ချက်စတာယူနိုက်တက် အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် စတုဂတ် တိုက်စစ်မှူး ဆာဆာကာလာဇစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပဲလို့ သိရပါတယ်။ ကာလာဇက် အပြင် ဆလိုဗေးနီးယား လူငယ်ကြယ်ပွင့် ဘင်ဂျမင်ဆက်စ်ကိုကိုလည်း ခေါ်ယူဖို့အတွက် ဆဲလ်ဘတ်နဲ့ ဆွေးနွေးမှုတွေတောင် ပြုလုပ်လျက်ရှိပါတယ်။ 


ဒါပေမယ့် သြစတြီးယား ကလပ်ကတော့ ၁၉ နှစ်သား ဆက်စ်ကိုအတွက် ပေါင် ၅၅ သန်းထိ တောင်းဆိုထားပါတယ်။ ချဲလ်ဆီးနဲ့ လိုက်ပ်ဇစ်တို့ကလည်း ဆယ်ကျော်သက် ကစားသမားလေးကို စိတ်ဝင်စားနေတဲ့ အခြား အသင်းတွေ ဖြစ်ကြပါတယ်။ ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ ရာသီက ဆဲလ်ဘတ် အတွက် ၃၇ ပွဲမှာ ၁၁ ဂိုးသွင်းခဲ့သလို ဒီရာသီ ၃ ပွဲမှာလည်း ၂ ဂိုးသွင်းထားပြီဖြစ်ပါတယ်။ 


၂၀၁၉-၂၀ ရာသီတုန်းက စတုဂတ် အတွက် ၃၆ ပွဲကစားပြီး ၁၇ ဂိုးသွင်းယူခဲ့တဲ့ အရပ် ၆ ပေ ၇ လက်မရှိ တိုက်စစ်မှုး ကာလာဇစ်ကလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ဒဏ်ရာ ပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ရဲ့ တိုက်စစ်နေရာမှာ အန်တိုနီမာရှယ်နဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့သာ ရှိရှိပါတယ်။ 


၂၆ နှစ်အရွယ် ပြင်သစ်သား မာရှယ်က ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ဇန်နဝါရီမှာ အငှားထွက် ကစားခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာတော့ ခြေစွမ်းပြဂိုးတွေ သွင်းနိုင်ခဲ့တာကြောင့် အနည်းငယ်တော့ အသက်ရှုချောင်ခဲ့ရပါတယ်။ ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်ဒိုကတော့ ဒီနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့က သူ့ရဲ့ရည်ရွယ်ချက်ဖြစ်လို့ အသင်းမှာအနာဂတ် မသေချာတော့ပါဘူး။ 

#မန်ချက်စတာယူနိုက်တက် #ကာလာဇစ် #တန်ဟတ် #ဆက်ကို