ရှေ့သို့
Image

အာဆင်နယ် ကစားသမားသစ် မာကွင်ဟိုစ်ကို စီနီယာကစားသမား မာတင်နယ်လီနဲ့ ယှဉ်ပြပြောဆိုလိုက်တဲ့ ဇာခါ

4:42 PM, 3 August

အာဆင်နယ်အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဇာခါ က ဒီနှစ် အပြောင်းအရွှေ့ကာလမှာမှ အသစ်ခေါ်ယူထားတဲ့ ၁၉နှစ်အရွယ် ကစားသမားလေး မာကွင်ဟိုစ်ကို ဘရာဇီးစတားဖြစ်တဲ့ စီနီယာကစားသမား မာတင်နယ်လီနဲ့ နှိုင်းယှဉ်ကာ အသင်းကြီးတွင် ပွဲထွက်ကစားနိုင်စွမ်းရှိနေပြီ ဖြစ်တဲ့ အကြောင်း ချီးကျူး ပြောဆိုလိုက်တာ ဖြစ် ပါတယ်။

အာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းမှာ အခြားအားကိုးရတဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ဆာကာ၊ စမစ်ရိုနဲ့ မာတင်နယ်လီ တို့လို ကစားသမားမျိုးတွေလည်း ရှိနေသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဝါရင့်ကစားသမားဖြစ်တဲ့ ဇာခါက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ထိပ်တန်းခြေစွမ်းကောင်းတွေ ပြသနေလေ့ရှိတဲ့  လူငယ်ကစားသမား မာကွင်ဟိုစ်အနေနဲ့ အသင်းဖော် မာတင်နယ်လီလိုပဲ အသင်းမှာ အမြန်ဆုံးအံဝင်ပြီးတော့ ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ယူဆနေတာပဲ ဖြစ်ပါတယ်။“မာတင်နယ်လီ ရောက်စက အဖြစ်ကို ကျွန်တော်မှတ်မိပါသေးတယ်”

“လူတိုင်းကသူ့ကို ယူ ၂၃ အသင်းမှာသာ ဝင်ရောက်ကစားခွင့်ရမှာ ဖြစ်တယ်လို့ ပြောဆိုနေကြတာဖြစ်ပေမဲ့ မာတင်နယ်လီက အသင်းကြီးမှာ အလျှင်အမြန် အံဝင်အောင် ကစားနိုင်ခဲ့တာပါပဲ။ မာကွင်ဟိုစ် အနေနဲ့လည်း ဒီလိုမျိုး ဖြစ်လာလိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ်” “သူ့အရွယ်နဲ့စာရင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ လျှင်မြန်မှု အပိုင်းမှာ အတော်လေးကောင်းမွန်မှု ရှိပါတယ်။ သူက ဘယ်ခြေနဲ့ ကစားပုံ အရမ်းကောင်းပြီးတော့ အသင်းကြီးနဲ့အတူ ဒီနိုင်ငံမှာ ကစားနေကြတဲ့ ဘောလုံးကစားဟန်တွေကို သေချာ လေ့လာ ကစားမယ်ဆိုရင် သူရဲ့အနာဂတ်က တောက်ပမှု ရှိလာမှာပါ”လို့ ဇာခါက  အာဆင်နယ်အသင်းရဲ့ တရားဝင် အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို မရရှိခဲ့တဲ့ မီခေးလ်အာတီတာ ရဲ့ အာဆင်နယ်အသင်းက ဒီနှစ် အပြောင်းအရွှေ့ကာလာ အတွင်း မာကွင်ဟိုစ် အပြင် ဂျီးဆပ် နဲ့ ဇင်ချန်ကို တို့ကိုလည်း ခေါ်ယူအားဖြည့် ထားခဲ့သေးတာလည်း ဖြစ်ပါတယ်။

#အာဆင်နယ် #ဇာခါ #မာတင်နယ်တီ #မာကွင်ဟို့စ်