ဆယ်တာဗီဂိုကို အပြီးသတ်ရောက်ရှိသွားဖြစ်တဲ့ ဘာကာနောက်ခံလူ အော်စကာမင်ဂူဇာ
3:33 PM, 2 August
ဘာစီလိုနာအသင်းဟာ ပိုလျှံတဲ့ကစားသမားတွေကို ရှင်းထုတ်ဖို့အတွက် ပထမဆုံးခြေလှမ်း စတင်လိုက်ပြီဖြစ်ပါတယ်။ အဓိကကတော့ အသင်းကိုကြယ်ပွင့် ကစားသမားအတော်များများ ရောက်ရှိလာတာကြောင့်လည်း ဖြစ်ပါတယ်။
အားကစားဒါရိုက်တာ မာတီယူအလီမာနီအနေနဲ့ ဘာစီလိုနာလူစာရင်းထဲမှာ ပြဿနာမျိုးစုံနဲ့ ဖြေရှင်းရမယ့် ကစားသမားက ၁၁ ယောက်လောက်ရှိနေပါသေးတယ်၊ ဒါပေမယ့် အော်စကာမင်ဂူဇာရဲ့ အပြောင်းအရွှေ့ကတော့ ဖြေရှင်းပြီးသွားခဲ့ပါပြီ။ ဆယ်တာဗီဂို အသင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ကြောင်း စနေနေ့ကပဲ ကြေညာခဲ့ပါတယ်။ နှစ်သင်းစလုံးကတော့ မင်ဂူဇာရဲ့ပြောင်းရွှေ့ကြေးကို ထုတ်မပြောခဲ့ပေမယ့် ပြည်တွင်းသတင်းစာတွေကတော့ ယူရို ၃ သန်းခန့်ရှိမယ်လို့ ယုံကြည်ကြပါတယ်။
Sport သတင်းစာရဲ့အဆိုအရ မင်ဂူဇာဟာ အင်္ဂါနေ့မှာပဲ ဗီဂိုကိုရောက်ရှိခဲ့ပြီး ဆေးစစ်မှုပြီးစီးတာနဲ့ အပြောင်းအရွှေ့ကိစ္စကို ဗုဒ္ဓဟူးနေ့မှာ ကြေညာသွားဖွယ် ရှိပါတယ်။ စာချုပ်သက်တမ်းအနေနဲ့တော့ ၂၀၂၆ ထိ ရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဆယ်တာအတွက်တော့ မင်ဂူဇာကိုခေါ်ယူတာဟာ အကြွေးပမာဏကို ပိုများသွားစေပါတယ်။
ပရိသတ်တွေကိုယ်တိုင်လည်း ဆယ်တာရဲ့ဒီနွေရာသီ ကစားသမားခေါ်ယူမှုတွေအပေါ် မေးခွန်းထုတ်နေကြသလို ဂျက်ဆန်မူရီလို၊ နက်စတာအရူဂျိုတို့လို အဓိကခံစစ်ကစားသမားတွေ ထွက်ခွာသွားတဲ့အတွက် မင်ဂူဇာကို ခေါ်ယူနိုင်ခဲ့တာကတော့ ခံစစ်အားနည်းနေမှုကို အနည်းငယ်လျှော့ချနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ မင်ဂူဇာအနေနဲ့ ဆယ်တာမှာတော့ ကားလို့ဒိုမင်ဂွက်ဇ်၊ ဂျိုးဆက်အီဒို၊ အူနိုင်းနူနက်ဇ်တို့နဲ့အပြိုင် ခံစစ်ပိုင်းမှာ နေရာရဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။