ရှေ့သို့
Image

တိုက်စစ်မှူး တီမိုဝါနာအတွက် တန်ကြေးသတ်မှတ်လိုက်တဲ့ ချဲလ်ဆီး

2:53 PM, 2 August

ဂျာမန်သားကို ချန်ပီယံလိဂ်ပိုင်ရှင် ရီးရဲလ်အသင်းထံ ကမ်းလှမ်းခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ဝါနာနဲ့ ပတ်သက်ပြီး သတ်မှတ်တန်ကြေးကို သတ်မှတ်လိုက်ပါတယ်။ ၂၀၂၀ တုန်းက လိုက်ပ်ဇစ်အသင်းထံကနေ ပေါင် ၄၇.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ဝါနာကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဝါနာဟာ ပထမရာသီမှာပဲ ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ကူညီပေးခဲ့ပေမယ့်လည်း တူချယ်ရဲ့အသင်းမှာ နေရာရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဝါနာတစ်ယောက် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိခဲ့ပြီး အခုရာသီမှာတော့ စတာလင ်ရောက်လာတာကြောင့် ပိုဆိုးဖွယ်ရှိနေပါတယ်။

ရလဒ်အရ အသက် ၂၆ နှစ်သား အနေနဲ့ အခုနွေရာသီမှာ အသင်းပြောင်းရဖို့များနေပြီး အသင်းဟောင်း လိုက်ပ်ဇစ် နဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် မာကာသတင်းဌာနကတော့ ရီးရဲလ်အသင်းဟာ ဝါနာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတာဖြစ်ပြီး ဝါနာအတွက် ပေါင်သန်း ၃၀ လောက် ကုန်ကျဖွယ်ရှိနေပါတယ်။ ဝါနာအနေနဲ့ ရီးရဲလ်ကို တစ်ရာသီအငှားနဲ့ အရင်သွားရောက်ပြီး နောက်ရာသီမှ အပြီးသတ်ပြောင်းနိုင်ဖွယ်လည်းရှိနေပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဝါနာတစ်ယောက် အခုနွေရာသီမှာ ချဲလ်ဆီးကနေ ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့သေးတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဝါနာ