ရှေ့သို့
Image

နိုက်စ် အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ ရမ်ဆေး

9:03 AM, 2 August

အာရွန် ရမ်ဆေးဟာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာလာခဲ့ပြီးနောက် ပြင်သစ်ကလပ် နိုက်စ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း၁နှစ် ကျန်သေးပေမဲ့ ဂျူဗင်တပ်စ်အသင်းက ရမ်ဆေးရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အသင်းပတ်အကုန်ကနေ စတင်ကာ နိုက်စ်အသင်းက ၃၁နှစ်သားကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပြီး ယမန်နေ့ညကတော့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ဝေးလ်ကွင်းလယ်လူအနေနဲ့ ဂါရတ်ဘေးလ်  ရှိနေတဲ့ မေဂျာလိဂ်ကို ပြောင်းရွှေ့ခွင့်အပေါ် ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ချာလော့တီFCဟာ ရမ်ဆေးကို အသင်းရဲ့ လစာအများဆုံး ကစားသမားအဖြစ် ၂နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ကစားသမားက နိုက်စ်ကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

နိုက်စ်နဲ့ ပူးပေါင်းခဲ့ပြီးနောက် ရမ်ဆေးက “နိုက်စ်နဲ့ စာမျက်နှစ်သစ်ဖွင့်ပြီ”ဆိုပြီး ကြေညာသွားခဲ့ပါတယ်။
အက်ဖ်အေဖလား ၃ကြိမ်ရကစားသမားဟာ ကာတာ ကမ္ဘာ့ဖလား မတိုင်ခင် ခြေစွမ်းကောင်း ပြန်ရဖို့ နိုက်စ်မှာ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ရမ်ဆေးဟာ လီဂူးဝမ်းမှာ ဝေးလ်အသင်းဖော် ဂျိုးရိုဒွန်နဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပြီး ရန်းနက်စ်အနေနဲ့ ဝေးလ်ခံစစ်မှူးကို ၁ရာသီအငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပေါင် ၁၇သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။

#နိုက်စ် #အပြောင်းအရွှေ့ #ရမ်ဆေး