ရှေ့သို့
Image

ခြေစမ်းပွဲမှာ အရေးနိမ့်ပြီးနောက် ရီးရဲလ်ဟာ ဥရောပရဲ့အတောင့်တင်းဆုံးအသင်းဖြစ်တယ်လို့ အယ်လီဂရီ ချီးကျူး

10:02 AM, 1 August

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အမေရိကမြေမှာ ရီးရဲလ်အသင်းကို ၂ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဥရောပရဲ့အတောင့်တင်းဆုံးအသင်းတစ်သင်းဖြစ်တယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ပထမပိုင်းမှာ ဘန်ဇီးမားက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ အဆန်စီရိုက ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။

၂ သင်းစလုံးအတွက် အဆိုပါခြေစမ်းပွဲဟာ အမေရိကမြေမှာ နောက်ဆုံးကစားတဲ့ ခြေစမ်းပွဲလည်းဖြစ်ကာ အယ်လီဂရီရဲ့အသင်းက အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အယ်လီဂရီက “၁၀ ရက်တာအတွင်း တကယ်ကောင်းတဲ့ပွဲတစ်ပွဲနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရတာပါ။ 

အဲ့အတွက်ကြောင့် ကျွန်တော်တို့အကောင်းဆုံးကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရအောင်လုပ်ဆောင်ခဲ့ပါတယ်။ ကောင်လေးတွေရဲ့အားထုတ်မှုကို ကျွန်တော်ကျေနပ်ပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်နေပါသေးတယ်။

ဒီညမှာ ၂ သင်းစလုံးအခွင့်အရေးတွေရခဲ့ပါတယ်။ ကျွန်တော်တို့ စိတ်ပိုရှည်အောင်လုပ်ဆောင်ရပါဦးမယ်။ ရာသီသစ်နီးကပ်လာတာကြောင့် ကျွန်တော်တို့ ရက်အနည်းငယ်လောက်အနားရပါမယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

မက်ဒရစ် နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း အန်ဆယ်လော့တီကလည်း အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်နေပြီး လာမယ့် ယူအီးအက်ဖ်အေစူပါဖလားပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

“ဒီခရီးစဉ်က ကျွန်တော်တို့ ဒဏ်ရာပြဿနာအနည်းငယ်လောက်ပဲရခဲ့တဲ့အတွက် အပေါင်းလက္ခဏာဆောင်တယ်လို့ ပြောလို့ရပါတယ်။ ကာဗာဂျယ်တော့ ဒဏ်ရာရခဲ့ပါတယ်။

အသင်းက ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပြီး ပြဿနာမရှိတာကြောင့် ကောင်းမွန်တဲ့အခြေအနေတစ်ခုလို့ ဆိုနိုင်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ဂျူဗင်တပ်စ် #အယ်လီဂရီ