ရှေ့သို့
Image

တော့တင်ဟမ်မှာ ကွန်တီနဲ့အလုပ်အတူတူတွဲလုပ်ရမှာကို ဘစ်ဆူးမား စိတ်လှုပ်ရှားနေ

9:59 AM, 1 August

တော့တင်ဟမ်ကွင်းလယ်လူ ဘစ်ဆူးမားက ကွန်တီနဲ့အလုပ်အတူတူလက်တွဲလုပ်ရမှာကို စိတ်လှုပ်ရှားနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

မာလီသားဟာ စနေနေ့တုန်းက တော့တင်ဟမ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲအဖြစ် ရိုးမားအသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ရိုးမားက အိုင်ဗန်ဇက်ရဲ့ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘစ်ဆူးမားဟာာ ဇွန်လတုန်းက ပေါင် ၂၅ သန်းနဲ့  ဘရိုက်တန်အသင်းထံကနေ တော့တင်ဟမ်အသင်းထံ ပြေုင်းရွှေ့လာခဲ့တာဖြစ်ပြီး ကွန်တီက သူ့ကိုနောက်တစ်ဆင့်ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော် ကွန်တီနဲ့အလုပ်အတူတူတွဲလုပ်ရတာ အရမ်းပျော်ပါတယ်။ သူက ဘောလုံးမှာပျော်မွှေ့နေတာပါ။ ကျွန်တော်အဲ့တာကိုကြိုက်ပါတယ်။ ကျွန်တော် သူ့လိုနည်းပြမျိုးကိုကြိုက်ပါတယ်။ 

ကျွန်တော့်ကိုနောက်တစ်ဆင့်ပို့ဆောင်ပေးနိုင်ပါတယ်။ အခုဆို သူလိုချင်တာကို ကျွန်တော်တို့ ကြိုးစားပေးနေပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တိုင်းက မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အလုပ်ကြိုးစားနေပါတယ်။

ကျွန်တော်သူ့ကိုကြိုက်ပါတယ်။ သူက ဘောလုံးနဲ့ပတ်သက်ပြီး သူက အရမ်းရူးသွပ်ပါတယ်”လို့ ဘစ်ဆူးမားက ရိုးမားအသင်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြ ကွန်တီကတော့ နည်းပြဟောင်း မော်ရင်ဟိုရဲ့အသင်းကို set – piece ကနေ ဂိုးပေးလိုက်ရတဲ့အတွက် အသင်းရဲ့စွမ်းဆောင်ရည်ကို မပျော်မရွှင်ဖြစ်နေပါတယ်။

“သေချာပါတယ်။ ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကလည်း ကျွန်တော်တို့အတွက်ကောင်းပါတယ်။ 

ဒီလိုမျိုးစမ်းသပ်မှုတွေက ကျွန်တော်တို့ပွဲတိုင်းအနိုင်ရရှိလာအောင် တွန်းအားပေးလာနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့ အရှုံးဆိုတာကို မလိုချင်ဘူးဆိုတာ သိပါတယ်။ ရာသီကြိုခြေစမ်းပွဲမှာတောင် မရှုံးချင်ပါဘူး။

ဒီနေ့ညမှာတော့ ကျွန်တော်တို့ ထောင့်ကန်ဘောကနေ ဂိုးပေးခဲ့ရပြီး အရေးနိမ့်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် အသေးစိတ်အခြေအနေကအစ ဂရုစိုက်ရပါမယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #ကွန်တီ #ဘစ်ဆူးမား