ရှေ့သို့
Image

တီမိုဝါနာကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်

7:04 PM, 31 July

Daily Mirror သတင်းတွေအရ နယူးကာဆယ်အသင်းဟာ ဒီနွေရာသီမှာ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို အငှားခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ငှက်ကျားအသင်းဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အခြားသတင်းတွေအရလည်း လက်စတာက ဂျိမ်းစ်မက်ဒီဆင်ကို ပေါင်သန်း ၄၀ နဲ့ပါ ကမ်းလှမ်းထားတယ်လို့ ဖော်ပြကြပါတယ်။ 

ဝါနာကို အခုလိုစိန့်ဂျိမ်းစ်ပါ့ခ်ကို ခေါ်ယူဖို့ကြိုးစားလာတာကတော့ တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နယူးကာဆယ်တာဝန်ရှိသူတွေဟာ ၂၆ နှစ်အရွယ် ကစားသမားကို အငှားနဲ့ပဲ ခေါ်ယူဖို့ကြိုးစားနေတာပါ။ ဒီအပြောင်းအရွှေ့ဟာ ချဲလ်ဆီးမှာရုန်းကန်နေရတဲ့ ဝါနာအတွက်လည်း ရွေးချယ်ချင်စရာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ပါတယ်။ 

အပြောင်းအရွှေ့က သိပ်ပြီးအထစ်အငေါ့မရှိပေမယ့် ဝါနာရဲ့ လက်ရှိချဲလ်ဆီးမှာရနေတဲ့ လစာက တစ်ပတ်ကို ပေါင် ၂၇၀၀၀၀ ဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲပ ဒီလောက်များပြားတဲ့ လစာမျိုးတော့ ပေးဖို့ဆန္ဒမရှိပါဘူး။ အဲ့ဒါကြောင့် ဂျာမန်သားအနေနဲ့ လစာလျှော့ယူရင်ယူ မဟုတ်ရင်တော့ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ မျှခံတာမျိုးကို ရွေးချယ်ရမှာပါ။ ချဲလ်ဆီးအသင်းကတော့ ဝါနာကိုကနဦး အငှားချပြီး လာမယ့်နှစ်နွေရာသီမှာ အပြီးခေါ်ယူမယ့်အချက်ကိုလည်း ထည့်ဖို့ဆန္ဒရှိနေပါတယ်။ 

ဒီတစ်ပတ်ထဲမှာ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ အာဆင်နယ်ကလည်း ဝါနာကိုအံ့အားသင့်ဖွယ် စိတ်ဝင်စားလာတယ်ဆိုတဲ့ သတင်းပါပဲ။ ဝါနာက အင်္ဂလန်ကိုစရောက်ကတည်းက ထိပ်တန်းကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ဆုံးရှုံးသွားခဲ့ပါတယ်။ လိုက်ပ်ဇစ်မှာတုန်းက မယုံနိုင်စရာ မှတ်တမ်းမျိုးပိုင်ဆိုင်ခဲ့တာကြောင့် ချဲလ်ဆီးကသူ့ကို ပေါင် ၄၅ ထိပေးပြီး ခေါ်ယူခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ ချဲလ်ဆီးကစားသမားဘဝမှာ ထင်သလောက် မလုပ်ပြနိုင်ခဲ့ပဲ ပရီးမီးယားလိဂ် ၅၆ ပွဲကစားပြီးချိန်မှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ 

#တီမို၀ါနာ #နယူးကာဆယ်