ရှေ့သို့
Image

လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မန်စီးတီးကစားသမား တွေကို အားပေးစကား ပြောဆိုခဲ့တဲ့ ပက်ဂွာဒီယိုလာ

12:40 PM, 31 July

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ် အကြိုပွဲစဉ်အနေဖြင့် စနေနေ့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကွန်မြူနတီဒိုင်း လုပွဲ၌ လီဗာပူးအသင်းကို ၃ဂိုး - ၁ဂိုး ဖြင့် ဂိုးပြတ် ရှုံနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး မန်စီးတီးကစားသမားတွေကို အားပေးစကားပြောဆို ခဲ့တာဖြစ်ပါတယ်။


အဆိုပါ ပွဲစဉ်အတွင်း လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန်အတွင်း၌ အာနိုးလ်ရဲ့ ကန်သွင်းယူမှုကို မန်စီးတီးနောက်တန်း ကစားသမား အကီ ရဲ့ခေါင်းတိုင်းရှင်းထုတ်ပုံမသေသပ်မှုကြောင့် ဘောလုံးက လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့တာဖြစ်ပြီး ကျန်ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာ နူနက်ဇ်ရဲ့ ကြိုးစားမှု ကြောင့် ရရှိလာတဲ့ ပင်နယ်တီ ကနေတစ်ဆင့် ဆာလက် ကသွင်းယူခဲ့တာ ဖြစ် သလို တတိယ ဂိုး ကိုတော့ နူနက်ဇ် ကပဲ ခေါင်းတိုက် သွင်းယူ ပေး ခဲ့ တာ ဖြစ်ပါ တယ်။


မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ် က ဂိုးသမားဆီကနေ လျှံထွက်လာတဲ့ ဘောလုံးကို အလျှင်အမြန် ဝင်ရောက် ပိတ်သွင်းကာ သွင်းဂိုး ရ ယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။


မန်စီးတီးနည်းပြ ဂွာဒီယိုလာက အနိုင်ရရှိသွားတဲ့ ဂျာဂန်ကလော့ ရဲ့ လီဗားပူးအသင်းကို ချီးကျူးစကားပြောဆိုလိုက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အတွက် လာမယ့် ‌တနင်္ဂနွေနေ့မှာ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင် ရမှာ ဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာ ပါ။


“လီဗာပူးအသင်းကို ချီးကျူးပါတယ်။ သူတို့က ပွဲအစ ၁၅မိနစ် / မိနစ် ၂၀ လောက်နဲ့ ပွဲပြီးဆုံးခါနီး မိနစ် ၂၀ / ၂၅မိနစ်လောက်မှာ လျှင်မြန်တဲ့ ရွှေ့လျားမှုတွေနဲ့အတူ အကောင်းဆုံးကစားသွားခဲ့ကြာတာဖြစ်ပြီး ဒုတိယပိုင်းရဲ့ အစောပိုင်း အချိန်တွေမှာတော့ ကျွန်တော်တို့ ဘက်ကလည်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး ယုံကြည်မှုရှိရှိနဲ့ တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်”


“အသင်းလိုက်လေ့ကျင့်ချိန် ၂ပတ်လောက်သာ ရရှိသေးတာကြောင့် ကျွန်တော်တို့ အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ အခုလောက် ကောင်းမွန်အောင် ကြိုးစားကစားနိုင်ခဲ့ကြတဲ့ ကျွန်တော့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်”


 “အသင်းလိုက် အရှိန်အဟုန်နဲ့ စည်းချက်မှန်မှန် ကစားနိုင်ဖို့ တိုးတက်မှု လိုနေသေးတာ ဖြစ်တာကြောင့် အချိန်ယူပြီး လေ့ကျင့်သွားမှာပါ” လို့

မန်စီးတီအသင်းရဲ့ နည်းပြ ဂွာဒီယိုလာက ပြောဆို လိုက်တာဖြစ်ပါတယ်။ 

#မန်စီးတီး #ဂွါဒီယိုလာ