ရှေ့သို့
Image

ချဲလ်ဆီးအသင်းနဲ့ buyback စာချုပ်အကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ အေဘရာဟမ်

1:22 PM, 30 July

ရိုးမားအသင်းတိုက်စစ်မှူး အေဘရာဟမ်က အာဆင်နယ်နဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေပေမယ့် ပရီးမီးယားလိဂ်ကို အလျင်စလိုပြန်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အင်္ဂလန်သားဟာ အီတလီကလပ်အသင်းမှာ ခြေစွမ်းပြနေပြီး အခုရာသီသစ်အတွက်ပဲ အာရုံစိုက်နေတယ်လို့ ဆိုခဲ့ပါတယ်။ အသက် ၂၄ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ၂၇ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး မော်ရင်ဟိုရဲ့အသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနနဲ့အင်တာဗျူးမှာ “ကျွန်တော် ရိုးမားကို ပထမဆုံးရောက်ရှိတုန်းက အိမ်လိုပဲခံစားရပါတယ်။ ကျွန်တော်ပရီးမီးယားလိဂ်ကို အလျင်စလိုပြန်မှာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်တော် အီတလီမှာကစားရတာကိုပျော်နေပါတယ်”လို့ အေဘရာဟမ်က ပြောကြားခဲ့ပါတယ်။

အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းနဲ့ buyback စာချုပ်ရှိပေမယ့် အင်္ဂလန်ကို အလျင်စလိုပြန်ဖို့ အစီအစဉ် မရှိတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လူကာကူကို အင်တာမီလန်အသင်းထံ အငှားစေလွှတ်ခဲ့ကာ တိုက်စစ်ပိုင်းအတွက် ရှာဖွေနေတာဖြစ်ပါတယ်။

“ကျွန်တော့်ကိုယုံပါ။ ကျွန်တော် အနာဂတ်အတွက်မတွေးပါဘူး။ လက်ရှိအကြောင်းပဲ တွေးဖြစ်ပါတယ်။ အခုရာသီသစ်အတွက်ပဲ အာရုံစိုက်ထားပါတယ်။ အခုဆို အီတလီမှာ တော်တော်လေးအထိုင်ကျနေပါပြီ။ ရိုးမားကိုရွေးချယ်လိုက်တာက ကျွန်တော့်ရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲကတစ်ခုပါ”လို့ အေဘရာဟမ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ရိုးမား #ချဲလ်ဆီး #အေဘရာဟမ်