ရှေ့သို့
Image

ပရီးမီးယားလိဂ်ဆုဖလားအတွက် စိန်ခေါ်နိုင်မယ့် အသင်းပိုများလာဖို့ မျှော်လင့်နေတယ်ဆိုတဲ့ ပက်ဂွာဒီယိုလာ

1:20 PM, 30 July

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ချူပ်ဖြစ်တဲ့ ပက်ဂွာဒီယိုလာက လာမယ့်ရာသီအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံ ဆုကို စိန်ခေါ် လာနိုင်မယ့် အသင်းကို ပိုမိုမြင်တွေ့လိုနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းက ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ် အကြိုအနေနဲ့ လက်စတာစီးတီးအသင်းရဲ့ ကင်းပါဝါ ကွင်းကြီးတွင် ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေ ကွန်မြူနစ်တီဒိုင်းပြိုင်ပွဲကို ဂျာဂန်ကလော့ရဲ့ လီဗာပူးအသင်းနဲ့ စနေနေ့ (ဒီနေ့) မှာပဲ ယှဉ်ပြိုင်ကစားသွားကြမှာပဲ ဖြစ်ပါတယ်။ ပရီမီးယားလိဂ်ရဲ့ နောက်ဆုံး ၄ ရာသီတွင် လီဗာပူးအသင်း နောက်ဆုံး ချန်ပီယံဖြစ်ထားခဲ့ တဲ့ ရာသီမှ စကာ ၃နှစ်လောက်အထိ အဆင့် ၁ နဲ့ ၂ နေရာတို့ကို အဆိုပါ အင်အားကြီး ၂သင်းကသာ ဆက်တိုက်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့က အမှတ်ပေးဇယားထိပ်ပိုင်းနေရာတွေ ကို တက်လှမ်းနိုင်ဖို့ ကစားသမားတွေ ခေါ်ယူကာ ပြင်ဆင်ထားခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း အေဂျက်စ်အသင်းနဲ့အတူ အောင်မြင်မှု တွေ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့ အဲရစ်တန်ဟတ်ကို ခေါ်ယူခန့်အပ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှု အရှိန်အဟုန်ကို မြှင့်တင်ဖို့ ပြင်ဆင်ထားခဲ့ပြီ ဖြစ်ပါတယ်။

“ပရီးမီးယားလိဂ် ရာသီသိမ်းတဲ့အခါမှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့အနေနဲ့ သေချားမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိဂ်မှာက အသင်းကောင်းတွေ အများကြီးနဲ့ ယှဉ်ပြိုင်နေရတာဖြစ်လို့ ဘာမဆို ဖြစ်လာနိုင်ပါတယ်” “ကျွန်တော် အမြဲပြောနေခဲ့သလိုပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေ အများကြီး ရှိစေချင်ပြီးတော့ ဒါကအသင်းတွေကို တိုးတက်လာစေမှာပါ” လို့ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်တဲ့ ပက်ဂွာဒီယိုလာက သူ့ရဲ့ အမြင်ကို ကွန်မြူနတီဒိုင်း လုပွဲ မတိုင်မီ အကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မန်စီးတီးအသင်းက ဒီနှစ်နွေအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၈၉ပွဲကစားပြီး ၈၆ဂိုးအထိ ကြောက်ခမန်းလိလိ သွင်းယူပေးထားနိုင်ခဲ့တဲ့ နော်ဝေလ် တိုက်စစ်ကစားသမား ဟာလန်းအပါအဝင် ကစားသမားအချို့ကို ခေါ်ယူ အားဖြည့် ထားခဲ့သေးတာလည်း ဖြစ်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ