ရှေ့သို့
Image

ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် မြင်တွေ့ရတော့မယ့် ဆာအဲလက်စ်ဖာဂူဆန်

1:16 PM, 30 July

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင် နည်းပြဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်က ယူနိုက်တက် အသင်းရဲ့ ဆုံးဖြချက်တွေ ချမှတ်ရမှာ အရေးပါတဲ့ ဘုတ်အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အသင်းဆီကို ပြန်ရောက်လာဖွယ် ရှိနေတာပါ။

ယူနိုက်တက်အမှုဆောင်ချူပ်ဖြစ်တဲ့ အာနိုးလ် က အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဂန္ဓဝင် နည်းပြဟောင်း ဖာဂူဆန်ဆီမှ အသင်းရဲ့ ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အကြံအဉာဏ်များစွာ ရယူလိုတာကြောင့် အခုလို ဘုတ်အဖွဲ့ဝင်နေရာအတွက် ကမ်းလှမ်းခဲ့ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဖာဂူဆန်က ရော်နယ်ဒိုအသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရန်တန်ကို ရာသီသစ်တွက် ပထမဦးဆုံး ရောက်ရှိလာတဲ့ အင်္ဂါနေ့မှာပဲ အသင်းရဲ့အကြီးပိုင်း ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်နေရမှာ နည်းပြကြီး ဖာဂူဆန်အပြင် ဘရိုင်ရန်ရော့ဘ်ဆင်၊ အမှုဆောင်ချူပ်ဟောင်း ဒေးဗစ်ဂီးလ် နဲ့ ဂျွန်မာတော့ချ် တို့လည်း ပါဝင်မှာဖြစ်ပြီးတော့ အပတ်စဉ် အသင်းရဲ့ ကြုံတွေ့ နေရတဲ့ ပြဿနာတွေကို တိုင်ပင်ဆွေးနွေးကာ အဖြေရှာသွားကြမှာပဲ ဖြစ်ပါတယ်။ အမှုဆောင်ချူပ်ဖြစ်တဲ့ အားနိုးလ် က အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား ၁၃ကြိမ်အပြင် စုစုပေါင်း ဆုဖလားရရှိမှု ၃၈ ကြိမ်အထိမှတ်တမ်း ရယူထားနိုင်ခဲ့တဲ့ ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန်ကို အသင်းရဲ့ ဘုတ်အဖွဲ့မှာ ဝင်ရောက်ပါဝင်စေဖို့ အလွန်အမင်းစိတ်အား ထက်သန်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့အဝင်တွေအနေနဲ့ အဓိကဆွေးနွေးလုပ်ဆောင်သွားကြမှာကတော့ အသင်းရဲ့ ကာရင်တန် ကွင်းအတွင်းက လေ့ကျင့်ရေးအစီအစဉ်တွေအကြောင်းနဲ့ ကွင်းတွင်း ခြေစွမ်းပိုင်းတွေအပေါ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဖာဂူဆန် က အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ရော်နယ်ဒိုကိုလည်း သူနဲ့ လက်တွဲ အလုပ် လုပ်လိုတာကြောင် အသင်းတွင်သာ ဆက်နေဖို့ စည်းရုံးမှု လုပ်ဆောင်ခဲ့ သေးတာလည်း ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန်