ရှေ့သို့
Image

ရီးရဲလ်အသင်းက စိတ်ဝင်စားနေပေမယ့် ဘရိုဂျာကို အသင်းမှာဆက်ထိန်းဖို့ တူချယ်အလိုရှိနေ

10:18 AM, 30 July

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဘရိုဂျာကို ရီးရဲလ်အသင်းက စိတ်ဝင်စားနေပေမယ့် အသင်းမှာ ဆက်ထိန်းချင်နေပါတယ်။

တူချယ်ကလည်း အဲဗာတန် ၊ ဝက်စ်ဟမ်း နဲ့ နယူးကာဆယ်တို့ စိတ်ဝင်စားနေတဲ့ အဆိုပါတိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်းချင်နေတာဖြစ်ပါတယ်။ သတင်းတွေအရ စပိန်ကလပ်ဟာ တိုက်စစ်မှူးတော်တော်များများကို ရှင်းထုတ်ရမှာဖြစ်တာကြောင့် လာမယ့်အနာဂတ်မှာ လူငယ်တွေနဲ့ အသင်းကိုတည်ဆောက်ချင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

အသက် ၂၀ အရွယ်ကစားသမား ဘရိုဂျာကလည်း ရီးရဲလ်အသင်းရဲ့ပစ်မှတ်တွေထဲကတစ်ဦးဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေကလည်း ဘရိုဂျာကို စောင့်ကြည့်နေကြပြီး မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကလည်း ချိတ်ဆက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် တူချယ်ဟာ ဘရိုဂျာကို အသင်းရဲ့အနာဂတ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ထားပြီး အခုရာသီမှာ နေရာပေးဖို့ ပြင်ဆင်နေပါတယ်။

“သူထွက်ခွာမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ စိတ်ဝင်စားမှုတွေ ၊ ကမ်းလှမ်းမှုတွေရရှိထားပါတယ်။ အသင်းပိုင်ရှင် နဲ့ ကျွန်တော်တို့က ဆုံးဖြတ်ချက်အတူတူချမှာပါ။ အခုတော့ သူ့ကိုအသင်းမှာဆက်ထိန်းထားမှာပါ။ ကံမကောင်းစွာနဲ့ သူဒဏ်ရာရရှိနေခဲ့ပြီး ကမ်းလှမ်းမှုတွေ နဲ့ စိတ်ဝင်စားမှုတွေရှိနေတယ်လို့ သတင်းတွေကျယ်လောင်စွာထွက်ပေါ်နေပါတယ်။ သူနဲ့ ကျွန်တော်တို့ကြားမှာ စာချုပ်သက်တမ်းရှိနေဆဲပါ။ ကျွန်တော်တို့ကစားသမားဖြစ်နေဆဲပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ လူကာကူကို အင်တာမီလန်အသင်းထံ အငှားစေလွှတ်ခဲ့ပြီး စတာလင်ကို ပြန်လည်ခေါ်ယူထားခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ တိုက်စစ်မှူး ဘန်ဇီးမားတစ်ယောက် အသက် ၃၅ နှစ်ပြောင်းတော့မှာဖြစ်တာကြောင့် ရေရှည်အတွက် စဉ်းစားလာခဲ့ပါတယ်။

ချန်ပီယံလိဂ်ပိုင်ရှင်တွေဟာ ချဲလ်ဆီးအသင်းထံကနေ နောက်ခံလူ ရူဒီဂါကို အလွတ်နဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။

#ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ် #တူချယ် #ဘရိုဂျာ