ရှေ့သို့
Image

ဟာလန်းက လီဗာပူးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြောလိုက်တဲ့ ပက်ဂွါဒီယိုလာ

10:11 AM, 30 July

ဒီနေ့ညပိုင်းယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပါဝင်ကစားဖို့ ဟာလန်းက ကြံ့ခိုင်မှုအပြည့်အ၀ရှိနေပြီလို့ ဂွါဒီယိုလာက အတည်ပြုပြောဆိုလိုက်ပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ မန်စီးတီးဆီ ပြောင်းရွှေ့လာတဲ့ ဟာလန်းက အသင်းသစ်နဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေမှာ မိနစ် ၄၀ လောက် ပါဝင်ကစားထားပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းရဲ့ ကြံ့ခိုင်မှုပိုင်းကို အသေအချာဂရုတစိုက်နဲ့ စီမံခန့်ခွဲပေးနေပြီး တိုက်စစ်မှူးသစ်ကို ဒီနေ့ညကစားမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ထည့်သွင်းအသုံးပြုမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

"ဒီနေ့ညပွဲမှာ ဟာလန်း ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့အပေါ် ပထမဆုံးအမြင်ကတော့ သူက အမှန်တကယ်ကောင်းမွန်ပြီး ရယ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ သူက အသင်းနဲ့အတူ အမှန်တကယ်ကိုပဲကောင်းမွန်စွာ အံဝင်ခွင်ကျဖြစ်လာနေပါတယ်။ ဒါက အရေးကြီးဆုံးအချက်ပါ။
လူတွေက ဒါကို အရေးကြီးတဲ့အရာလို့ မထင်ကြပေမယ့် ဒါက တကယ့်ကို အရေးကြီးတဲ့ အရာတစ်ခုပါ။ အဝတ်လဲခန်းထဲက ကောင်းမွန်တဲ့တုံ့ပြန်မှုတွေက မင်းပြောနိုင်တဲ့ အရာတွေ၊ အခြားအကြံဉာဏ်တွေထက် ပိုပြီးအရေးပါပါတယ်"လို့ ပက်ဂွါဒီယိုလာက ပြောသွားပါတယ်။

နော်ဝေးလက်ရွေးစင်တိုက်စစ်မှူးကတော့ မန်စီးတီးအတွက်ပွဲဦးထွက်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းသစ်အတွက် သူရဲ့ဗွေဆော်ဦးဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ ဟာလန်းရဲ့အခြေအနေအတွက် ကျေနပ်နေပါတယ်။

"ဟာလန်းက ကောင်းကောင်းမွန်မွန်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက ကျွန်တော် သူနဲ့ စကားပြောဖြစ်ချိန် သူနည်းနည်းတော့ စိတ်ရှုပ်နေခဲ့ပုံရပါတယ်။ ဒါပေမယ့် သူ လေ့ကျင့်ရေးဆင်းနေပြီး ရှေ့ဆက်နိုင်မှာပါ။ ဩဂုတ်လကုန်ပိုင်းလောက်ဆိုရင်တော့ သူက အခုထက်ကို အများကြီးပိုကောင်းလာပါလိမ့်မယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ တစ်ပတ်တစ်ပွဲနှုန်းလောက်ပဲ ကစားရပါလိမ့်မယ်။ ဒါကြောင့် လေ့ကျင့်ခန်းပိုလုပ်နိုင်မှာပေါ့။ ဒီကာလတွေပြီးရင်တော့ ကျွန်တော်တို့ သုံးရက်တစ်ပွဲ၊ လေးရက်တစ်ပွဲကစားရမယ့် ရူးလောက်စရာပွဲစဉ်ဇယားနဲ့ ရင်ဆိုင်ရမှာပါ။ လီဗာပူးနဲ့ မန်စီးတီးအတွက်ဆိုရင် ဒီပြိုင်ပွဲကနည်းနည်းလေးစောပြီး ရောက်လာတယ်လို့ ကျွန်တော်ထင်မြင်ယူဆမိပါတယ်။ ဒါပေမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်ဆိုတာက အမြဲတမ်းပဲ အစောဆုံးကျင်းပတဲ့ ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့ အသားကျရပါမယ်"လို့ ဂွါဒီယိုလာက ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ဟာလန်း #ဂွါဒီယိုလာ #ကလော့ပ် #ကွန်မြူနတီဒိုင်း