ရှေ့သို့
Image

အူဒီးနီးစ်နဲ့ပွဲစဉ်က ကူလီဘာလေနဲ့ စတာလင်တို့ရဲ့ ခြေစွမ်းတွေအပေါ် တူချယ် ချီးကျူးဂုဏ်ပြု

8:55 AM, 30 July

အီတလီမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးက စတာလင်၊ ကန်တီ၊ မေဆင်မောင့်တို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရှေ့ပွဲမှာ အာဆင်နယ်ကို မထင်မှတ်ဘဲ ၄ဂိုးပြတ် ရှုံးခဲ့ပြီးနောက် ယခုပွဲစဉ်မှာ ပြန်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တူချယ်က “ကျွန်တော်တို့ ယခုအပတ်အတွင်း အထူးသဖြင့် ပြီးခဲ့တဲ့ ၂ရက်က အထူးလေ့ကျင့်ထားလို့ ကြံ့ခိုင်မှုက ကောင်းမွန်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီပွဲကနေ ကျွန်တော်တို့ အကောင်းဘက်က မြင်စရာတွေ အများကြီး ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ကောင်း ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ဂိုးပိုသွင်းနိုင်ခဲ့သင့်ပေမဲ့ ယူလို့ရတဲ့ အကောင်းမြင်စရာတွေ အများကြီး ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

စတာလင်အနေနဲ့ နွေရာသီမှာ ချဲလ်ဆီးကို ရောက်လာပြီးနောက် ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး တူချယ်ကတော့ အင်္ဂလန်သားရဲ့ ဖန်တီးနိုင်စွမ်းအပေါ် ကျေနပ်အားရနေပါတယ်။

ဆက်လက်ပြီး တူချယ်က “သူ အခွင့်အရေးတွေ ရခဲ့ပါတယ်။ အခြား အခွင့်အရေးတွေမှာလည်း အများကြီး ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒီပွဲမှာ သူ့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

စတာလင်အပြင် ကူလီဘာလေဟာလည်း ပရိသတ်တွေ သီချင်းလုပ်ဆိုရတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး တူချယ်က ခံစစ်မှူးထံကနေ ယခုလို လုပ်ပြနိုင်တာတွေ မြင်ရတဲ့အပေါ် ဝမ်းသာနေပါတယ်။

“သူ ပရိသတ်တွေရဲ့အချစ်နဲ့ ထိုက်တန်ပါတယ်။ သူက တကယ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရလည်း သဘောကောင်းကာ သန်မာတဲ့ ကစားသမား၁ဦး ဖြစ်ပါတယ်။ သူ မိနစ်၇၀လောက် ကစားနိုင်ခဲ့တာ ကျွန်တော် ဝမ်းသာပြီး သူ ပိုပိုပြီး ကြံ့ခိုင်မှု ရှိလာပါပြီ”လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ သြဂုတ်လ ၆ရက်နေ့မှာ ပရီးမီးယားလိဂ် ကစားရတော့မှာ ဖြစ်ပေမဲ့ ရာသီကြို အစီအစဉ် မပြီးဆုံးသေးဘဲ ယနေ့မှာ ယမန်နေ့က အသင်းမဟုတ်တဲ့ အသင်းသစ်နဲ့ ခြေစမ်းပွဲ ထပ်ကစားသွားဦးမယ်လို့ တူချယ်က ဖွင့်ဟခဲ့ပါတယ်။

#အူဒီးနီးစ် #စတာလင် #တူချယ် #ကူလီဘာလေ #ခြေစမ်းပွဲ