ရှေ့သို့
Image

မေဂျာလိဂ်သို့ ပြောင်းရွှေ့ ကစားဖွယ် ရှိလာတဲ့ အာရွန်ရမ်ဆေး

2:19 PM, 29 July

ဂျူဗင်တပ် အသင်းနဲ့ စာချူပ် ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝေးလ်ကစားသမား အာရွန်ရမ်ဆေးက မေဂျာလိဂ်ကလပ် အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာ ဖြစ်ပြီးတော့ ဥရောပ အသင်း အချို့ကလည်း အပြိုင် ကမ်းလှမ်းလာဖွယ် ရှိလို့ နေပါတယ်။ မေဂျာလိဂ်ကလပ် အသင်းအချို့က ဝေးလ် အသင်းဖော် တစ်ဦးဖြစ်တဲ့ ဂါရက်ဘေးလ် ကို လော့စ်အိန်ဂျလိစ် အသင်းက ခေါ်ယူခဲ့သလိုမျိုး အာရွန်ရမ်ဆေးကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူကာ အသင်းရဲ့ ပုံရိပ် မြှင့်တင် လိုနေကြတာ လည်း ဖြစ်ပါ တယ်။


အာရွန်ရမ်ဆေးရဲ့ ဝေးလ်အသင်းဖော်တစ်ဦးဖြစ်တဲ့ ဂါရက်ဘေးလ်က ဒီနှစ်နွေအပြောင်းအရွှေ့ကာလ အစောပိုင်းမှာပဲ ဥရောပ ချန်ပီယံ ရီရဲလ်မက်ဒရစ်အသင်းကနေ လော့အိန်ဂျလိစ် အသင်းကို ပြောင်းရွှေ့သွားသကဲ့သို့ ရမ်ဆေး အနေနဲ့လည်း မေဂျာလိဂ် ရဲ့ ဘောလုံး လောက ထဲသို့ ရောက်ရှိလာနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။


ဒါပေမဲ့ မေဂျာလိဂ် အသင်းတွေနဲ့ အပြိုင် ဥရောပ အသင်းအချို့က လည်း ရမ်ဆေးကို ခေါ်ယူဖို့ ကမ်းလှမ်း လာဖွယ်ရှိနေပါသေးတယ်။ ရမ်ဆေးကို ခေါ်ယူဖို့ရန်အတွက် စီးရီးအေသို့ တန်းတက်လာတဲ့ မွန်ဇာ အသင်း အပါအဝင် တူရကီ ကလပ် ဂါလာတာစာရေး အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတာဖြစ်တဲ့ အကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီ ဂျူဗင်တပ် အသင်းမှာရှိစဉ်က ရမ်ဆေးဟာ စကော့တလန် ကလပ် ရိန်းဂျား အသင်းကို အငှားနဲ့ သွားရောက် ကစားခဲ့တာဖြစ်ပြီး ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိခဲ့ကာ ၉ပွဲမှာ ၂ဂိုး သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


သူ အငှား သွားရောက် ကစားခဲ့ပြီး နောက်မှာတော့ ဂျူဗင်တပ် အသင်းရဲ့ ဒီနှစ်ရာသီ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်တွေမှာ ပူးပေါင်းခဲ့သေးပေမဲ့ အီတလီကလပ်ဘက် ကတော့ အသင်းရဲ့ ကစားသမား စာရင်းမှာ ထည့်သွင်းတော့မှာ မဟုတ်တဲ့ အကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်။အာရွမ်ရမ်ဆေးကို စာချူပ် ဖျက်သိမ်းပြီးနောက် ဂျူဗင်တပ်အသင်းက“ကံကောင်းပါစေ အာရွမ်ရေ” လို့  နှုတ်ဆက် စာသား ကို ရေးသား ထုတ်ပြန် ခဲ့ပါသေးတယ်။ 

#စီးရီးအေ #ဂျူဗင်တပ်စ် #ရမ်ဆေး