ရှေ့သို့
Image

ဘင်ဂျမင်ဆက်ကို အတွက် ဆဲလ်ဘတ်နဲ့ ဆွေးနွေးဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်

12:44 PM, 29 July

မန်ချက်စတာယူနိုက်တက်ဟာ ရက်ဘူးလ်ဆဲလ်ဘတ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ကို ကို ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားအဖြစ် ရှုမြင်ထားပြီး ဆဲလ်ဘတ်နဲ့လည်း ဆွေးနွေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ စာချုပ်သက်တမ်းကုန်ဖို့ ၁ နှစ်လောက် ကျန်သေးပေမယ့် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ဖို့ အသင်းကိုဖိအားပေးနေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း သူ့ကိုမရောင်းချင်ပဲ ကျန်နေတဲ့ စာချုပ်သက်တမ်း တစ်နှစ်ကိုလျှော်ပေးပြီး ထွက်ခွင့်ပြုဖို့လည်း အစီအစဉ်မရှိပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်နဲ့ ၃၇ နှစ်အရွယ် တိုက်စစ်မှူးတို့ကြားမှာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေပါတယ်။

ပေါ်တူဂီစူပါစတားကြီး အသင်းမှာဆက်နေနေ၊ အသင်းကထွက်ခွက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ တိုက်စစ်ပိုင်းမှာ အက်ဒီဆင်ကာဗာနီထွက်သွားပြီးကတည်းက ရွေးချယ်စရာနည်းပါးသွားခဲ့လို့ ကစားသမားအင်အား ထပ်မံဖြည့်တင်းဖို့ ဆန္ဒရှိနေပါတယ်။ သတင်းတွေအရတော့ ယူနိုက်တက်ဟာ ၁၉ နှစ်သား ဆက်ကိုအတွက် ဆဲလ်ဘတ်နဲ့ဆွေးနွေးဖို့ ကြိုးစားနေပေမယ့် တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပါတယ်။

ဆဲလ်ဘတ်ကတော့ အပြောင်းအရွှေ့ကိစ္စက တိုးတက်နိုင်ခြေရှိပေမယ့် သူတို့ရဲ့ဆယ်ကျော်သက် ကစားသမားလေးကို ရောင်းဖို့ဆန္ဒမရှိပါဘူး။ ယူနိုက်တက်အတွက် မျှော်လင့်ထားတာမျိုးမဟုတ်ပေမယ့် သြစတြီးယားလိဂ်ကနေ ဆယ်ကျော်သက်ကစားသမားကို သင့်တော်တဲ့ဈေးတစ်ခုနဲ့ပဲ ခေါ်ယူဖို့ စိတ်ဝင်စားပါတယ်။ ဆက်ကိုဟာ အရပ် ၆ ပေ ၄ လက်မရှိပြီး ဆလိုဗေးနီးယားအသင်းအတွက် ၁၃ ပွဲ ကစား ၂ ဂိုးသွင်းပြီး ဒီနှစ်မေလကမှ ၁၉ နှစ်ပြည့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းပြီး ဒီရာသီမှာလည်း ၂ ပွဲကစား ၂ ဂိုးသွင်းထားပြန်ပါတယ်။ ဒီရာသီ သွင်းထားတဲ့ ၂ ဂိုးမှာဆိုရင် တစ်ဂိုးက ဗုဒ္ဓဟူးနေ့တုန်းကလီဗာပူးနဲ့ ခြေစမ်းပွဲမှာ သွင်းခဲ့တာပါ။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဆဲလ်ဘတ် #ဆက်ကို