ရှေ့သို့
Image

မစ်ဒယ်ဘရော့ ကွင်းလယ်လူ တာဗာနီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တဲ့ဘုန်းမောက်

4:00 PM, 28 July

ဘုန်းမောက်အသင်းဟာ မစ်ဒယ်ဘရော့ကွင်းလယ်လူ မားကပ်တာဗာနီယာကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ တာဗာနီယာဟာ ဒီနွေရာသီမှာ ဘုန်းမောက်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့ပြီး ၂၃ နှစ် အရွယ် ကစားသမားဟာ မကြာခင်မှာ နည်းပြစကော့ပါကာရဲ့အသင်းနဲ့ ပူးပေါင်းတော့မှာပဲ ဖြစ်ပါတယ်။

ဘုန်းမောက်ရော၊ နော့တင်ဟမ်ဖောရက်စ်ကပါ အပြိုင်ကမ်းလှမ်းခဲ့ကြတာဖြစ်ပြီး ဒီလအစောပိုင်းက ကမ်းလှမ်းမှုတွေ အားလုံးကတော့ ပယ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် ဘုန်းမောက်ဘက်က ကမ်းလှမ်းမှုကို တိုးမြှင့်လိုက်ပြီးနောက်မှာတော့ ဘိုရိုဘက်ကလည်း လက်ခံခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးအဖြစ်တော့ ကနဦးပေါင် ၁၂ သန်းနဲ့ အပိုဆုကြေး ၃ သန်းကို ဘုန်းမောက်က ပေးချေရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ယူ ၂၀ လက်ရွေးစင်ဟောင်းဟာ တောင်ပိုင်းကမ်းခြေကို ထွက်ခွာလာပြီဖြစ်ပြီး ယနေ့မှာပဲ ဆေးစစ်သွားမှာပါ။ တာဗာနီယာဟာ ဒီနွေရာသီ အလွတ်နဲ့ခေါ်ယူထားတဲ့ ရိုင်ယန်ဖရိုင်းဒရစ်နဲ့ ဂျိုးရော့ဝဲလ်တို့ရဲ့နောက် ဘုန်းမောက်ရဲ့ တတိယမြောက် ကစားသမားသစ်လည်း ဖြစ်လာပါတယ်။ တစ်ဖက်အသင်း ဘိုရိုကတော့ ဘရန့်ဖို့ဒ်က မားကပ်စ်ဖော့စ်ကို ခေါ်ယူနိုင်ခဲ့ပြီး စနေနေ့မှာ ကစားရမယ့် ဝက်စ်ဘရွန်းနဲ့ ချန်ပီယံရှစ်အဖွင့်ပွဲမတိုင်မီ ကြေညာနိုင်ဖို့ မျှော်လင့်နေပါတယ်။

#အပြောင်းအရွှေ့ #ဘုန်းမောက်လ် #မစ်ဒယ်ဘရော့စ် #တာဗာနီယာ