ရှေ့သို့
Image

ဆက်ကို ကိုလိုချင်ရင် ဒါတွေ လုပ်ပေးပါ ဆိုပြီး ယူနိုက်တက်ကို နောက်ပြောင်လိုက်တဲ့ ဆဲလ်ဘတ်

10:53 AM, 28 July

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးနဲ့ အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသက်-၁၉ နှစ်အရွယ် လူငယ် တိုက်စစ်မှူး ဆက်စ်ကိုအတွက် မန်ချက်စတာယူနိုက်တက်က ဘာတွေ လုပ်ပေးရမလဲဆိုတာ ရက်ဒ်ဘူး ဆဲလ်ဘတ်က ထုတ်ပြောလာပါတယ်။ 


ကစားသမား အပြောင်းအရွှေ့ ဂုရုကြီး Fabrizio Romano က တိုက်စစ်မှူး ဆက်စ်ကို ကို မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သတင်း ရေးသား ခဲ့စဉ် ဆဲလ်ဘတ် အသင်းရဲ့ ဆိုရှယ်မီဒီယာ သတင်း ထုတ်ပြန်ရေး အဖွဲ့က Twitter မှတဆင့် “ကျွန်တော်တို့ သန်း ၃၀၀+ဖာနန်ဒက်စ် လိုချင်တယ်”လို့ လက်မထောင်ထားတဲ့ emoji နဲ့ တုံ့ပြန်ရေးသားခဲ့ဖူးပါတယ်။


ဒါပေမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ သူရဲ့ ခြေစွမ်းနဲ့ သွင်းဂိုးကို မြင်လိုက်ရချိန်မှာတော့ ဆဲလ်ဘတ်က သူတို့ရဲ့ တိုက်စစ်မှူး အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပြန်လည် စဉ်းစား သွားစေခဲ့ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေက တဆင့် နောက်ထပ် ပေါ်ထွက်လာတဲ့ ဗီဒီယိုမှတ်တမ်းတို ထဲမှာလည်း ဆလိုဗေးနီးယား တိုက်စစ်မှူးက လီဗာပူး ဝါရင့်ကစားသမား ဂျိမ်းစ်မီလ်နာကို အလဲလဲ အပြိုပြို ဖြစ်အောင် လှည့်စားသွားခဲ့တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ဒီအချိန်မှာပဲ ဆက်စ်ကိုရဲ့ စွမ်းဆောင်ရည်ပိုင်း အတွက် ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၇၀၀ ထပ်ပေါင်းထည့်ဖို့ အပြင် ဖာနန်ဒက်စ်ရော၊ ဖရက်ဒ်ကိုပါ အလိုက်ပေးရမယ်လို့ သူတို့က နောက်ပြောင်သွားတာပါ။ မန်ချက်စတာယူနိုက်တက်ကို နောက်ပြောင်ထားတဲ့ ဆဲလ်ဘတ်ရဲ့ Twitter ပို့စ်တစ်ခုမှာတော့ “Update: အခုအချိန်မှာတော့ ကျွန်တော်တို့က ဆက်စ်ကိုအတွက် ၁ ဘီလျံအပြင် ဖာနန်ဒက်စ်ရော၊ ဖရက်ဒ်ကိုပါ အလိုက်ပေးလာဖို့ အလိုရှိပါတယ်”လို့ ရေးသားခဲ့ပါတယ်။


လူမှုကွန်ရက်တွေရဲ့ အဝေး တကယ့် လက်တွေ့ ဘဝမှာတော့ ဆဲလ်ဘတ်က လူငယ် တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းလောက် ရရှိမယ်လို့ ယုံကြည်ထားပြီး ဒီတန်ဖိုးအတိုင်းမရရှိခဲ့ရင် နောက်ထပ်အနည်းဆုံးတစ်ရာသီလောက်အထိ သူ့ကို အသင်းမှာ ဆက်ထိန်းသွားဖို့ ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆဲလ်ဘတ် #ဆက်ကို