ရှေ့သို့
Image

အင်တာမီလန်နှင့် ဂျူဗင်တပ်စ်တို့က စီးရီးအေ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတွေမဟုတ်ဘူးဆိုတဲ့ တိုမိုရီ

8:52 AM, 28 July

လာမယ့်ရာသီမှာ အေစီမီလန်ထံက ချန်ပီယံဘွဲ့ကို အင်တာမီလန်နှင့် ဂျူဗင်တပ်စ်တို့က ရယူဖို့ ရေပန်းစားနေတာနဲ့ ပတ်သက်ပြီး "ပြီးခဲ့တဲ့နှစ်ကတည်း ဒီလိုပဲပြောခဲ့ကြတာပါ" လို့ တိုမိုရီက ပြောဆိုလိုက်ပါတယ်။ သို့သော်လည်း အင်တာမီလန်အသင်းရဲ့ လူကာကူကို အငှားဖြင့်ခေါ်ယူလိုက်ခြင်းကို အင်္ဂလန်နိုင်ငံသားက သဘောပေါက်နားလည်ထားတာဖြစ်ပါတယ်။

တိုမိုရီဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး စီးရီအေပွဲစဉ် ၃၁ ပွဲကစားထားရာ Clean Sheet ၁၃ ပွဲရရှိခဲ့ပြီး စတီဖန်နို ပီအိုလီရဲ့ ကစားသမားတွေဟာ ၁၁ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စီးရီးအေဆုဖလားကို ပြီးခဲ့တဲ့ရာသီက ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတွင် ဆန်စီရိုသို့ အပြီးသတ်ပြောင်းရွေ့လာခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားဟောင်းဟာ အေစီမီလန်အတွက် တားဆီးမှု ၂၃ ကြိမ်၊ ကြားဖြတ်လုယူမှု ၄၅ ကြိမ်၊ ဘောလုံးရှင်းထုတ်မှု ၇၇ ကြိမ်၊ ဖြတ်ထုတ်မှု ၇၃ ကြိမ်အထိ သူ့ရဲ့ပထမဆုံးရာသီမှာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

မည်သည့်အသင်းကမှ ၃၁ ဂိုးပေးထားရတဲ့ အေစီမီလန်လောက် ပေးဂိုးနည်းခဲ့ခြင်းမရှိသလို နိုင်ပွဲ ၂၆ ပွဲ ရရှိထားတဲ့ အေစီမီလန်ထက် နိုင်ပွဲများတဲ့အသင်းကလည်း မရှိခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်ရဲ့ လူကာကူကို ခေါ်ယူလိုက်ခြင်းနှင့် ဂျူဗင်တပ်စ်ရဲ့ ပေါ့ဂ်ဘာ၊ ဒီမာရီယာတို့ကို ခေါ်ယူလိုက်ခြင်းက ၂၀၂၂-၂၃ ရာသီတွင် ဒါဘီပွဲစဉ်ပြိုင်ဆိုင်မှုမှာ ပိုပြီး ခက်ခဲလာစေမှာဖြစ်ပါတယ်။

"သူတို့တွေက ရေပန်းစားနေတဲ့အသင်းတွေလား? သူတို့တွေအနိုင်ရရှိမယ်လို့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပြောခဲ့ကြတာပါ။ ကျွန်တော် မီလန်သို့ရောက်လာတဲ့အချိန်တုန်းက အသင်းဟာ တောင့်တင်းတယ်ဆိုတာနဲ့ စီးရီးအေ ဆုဖလားကို ရယူနိုင်တယ်ဆိုတာကို သိခဲ့ပါတယ်" "ဒါဟာ ထူးခြားတဲ့ကလပ်ဖြစ်ပြီး အထူးသဖြင့် ချန်ပီယံလိဂ်မှာ ကစားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က အရမ်းကို စိတ်လှုပ်ရှားခဲ့ပြီး နိုင်ပွဲရရှိဖို့အတွက် အရမ်းကို ဆာလောင်နေတာဖြစ်ပါတယ်" လို့ တိုမိုရီက ပြောပါတယ်။

၂၀၂၀-၂၁ ရာသီ နည်းပြ ကွန်တီရဲ့လက်အောက်မှာ ဆုဖလားရရှိခဲ့ပြီး စီးရီးအေသွင်းဂိုး ၂၄ ဂိုးသွင်းယူခဲ့တဲ့ လူကာကူရဲ့ အင်တာမီလန်သို့ ပြန်လာခြင်းဟာ မီလန်ရဲ့ပြိုင်ဘက်အသင်းအတွက် သိသာထင်ရှားတဲ့ ကစားသမားခေါ်ယူမှုဖြစ်ပါတယ်။ မီလန်သို့ ရောက်ရှိလာတဲ့ နောက်ထပ် ဘယ်လ်ဂျီယံသား တိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ အိုရီဂီကိုကတော့ ထူးခြားတဲ့ ကစားသမားဖြစ်ပါတယ်လို့ တိုမိုရီ ရည်ညွှန်းပြောဆိုထားပါတယ်။

လူကာကူနှင့်ပတ်သက်ပြီး တိုမိုရီက "မီလန်နှင့်အတူ ပထမဆုံးရာသီတုန်းက ဒါဘီပွဲမှာ သူနဲ့အတူရင်ဆိုင်ဖူးပါတယ်။ သူ့ကို မကြောက်သော်လည်း လေးစားမှုတော့ရှိပါတယ်။ သူဟာ သန်မာတဲ့ကစားသမားဖြစ်ပြီး ဒီနှစ်မှာလည်း အဲ့ဒီလိုပဲဖြစ်မှာဖြစ်ပါတယ်။ လူကာကူကလည်း ထူးခြားတဲ့ ကစားသမားဖြစ်ပါတယ်" လို့ ပြောပါတယ်။

"အိုရီဂီကလည်း သန်မာပြီး လျင်မြန်ပါတယ်၊ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာတုန်းက သူနဲ့ရင်ဆိုင်ကစားခဲ့ဖူးပါတယ် ဒါကြောင့် ကလပ်အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်မှာပါ" လို့ အိုရီဂီက ပြောပါတယ်။ ဆန်စီရိုရှိ ပထမဆုံးရာသီပြည့် ကစားခဲ့တဲ့နှစ်က အိပ်မက်လိုဖြစ်သော်လည်း တိုမိုရီကတော့ သူ့အတွက်တိုးတက်ဖို့ ပစ်မှတ်ထားနေကာ မီလန်မှာ Role Model အဖြစ်ထားဖို့ ကစားသမားတွေက ရှားပါးခြင်းမရှိနေတာပါ။

"ကျွန်တော်က နက်စ်တာ၊ စတမ်း၊ ကာဖူး တို့ရဲ့ကစားပုံကိုတွေ့မြင်ခဲ့ရပြီဖြစ်တာပါ။ သူတို့တွေက အရမ်းသန်မာကြပါတယ်။ ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ မယ်ဒီးနီဖြစ်ပြီး ကျွန်တော်တို့ အင်တာဗျူးလုပ်နေတဲ့အချိန်မှာ သူက ကျွန်တော့်နောက်မှာရှိနေပါတယ်" "ဘရက်စီက ကျွန်တော့်လောက် အရပ်မရှည်ပါဘူး၊ ဒါပေမဲ့ ဦးဆောင်နိုင်သူတစ်ဦးဖြစ်ပြီး မယ်ဒီးနီးနဲ့ နက်စ်တာတို့ကလည်း အတူတူပါပဲ။ ကျွန်တော်ကလည်း သူတို့လိုမျိုး အကောင်းဆုံးလုပ်ဆောင်ချင်ပါတယ်"လို့ နောက်တန်းကစားသမားက ပြောပါတယ်။

ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် မီလန်ဟာ ဩဂုတ်လ  ၁၃ ရက်နေ့မှာ အူဒီးနီးစ်နှင့် ပထမဆုံးစတင်ကစားရမှာဖြစ်ပါတယ်။

#စီးရီးအေ တိုမိုရီ #အေစီမီလန် #ဂျူဗင်တပ်စ်