ရှေ့သို့
Image

ဘာဒီယာရှီးကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ ချဲလ်ဆီး

4:04 PM, 27 July

နာသန်အကီ၊ မာတက်ဂျ်ဒီလစ်၊ ပရီစ်နယ်ကင်ပမ်ပီတို့ကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ဂျူးစ်ကွန်ဒီကတော့ အဓိကပစ်မှတ်တစ်ခုဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ခံစစ်ကစားသမားအများစုကိုသာ ပစ်မှတ်ထားနေပြီး ဒီထဲမှာ မိုနာကိုအသင်းရဲ့ အဓိကနောက်ခံလူ ၂၁ နှစ်အရွယ် ကစားသမား ဘီနွိုက်ဘာဒီယာရှီးလည်း ပါဝင်လာခဲ့ပါတယ်။

ပြင်သစ် ယူ ၂၁ လက်ရွေးစင်ကို စိတ်ဝင်စားတဲ့ အသင်းတွေ ဥရောပမှာ အများအပြား ရှိနေပြီး အခုဆိုရင် ချဲလ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ဘာဒီယာရှီးဟာ မန်ချက်စတာယူနိုက်တက်နဲ့လည်း  သတင်းထွက်ခဲ့ဖူးပြီး ဆီဗီလာကလည်း အသင်းပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတဲ့ ကွန်ဒီရဲ့နေရာမှာလည်း အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတာကြောင့် မိုနာကိုအနေနဲ့ ကြိုက်ဈေးသတ်မှတ်နိုင်ပါတယ်။

ပြင်သစ်နာမည်ကျော် သတင်းစာ L’Equipe ရဲ့အဆိုအရတော့ ယူရိုသန်း ၅၀ ခန့် ဈေးခေါ်နိုင်တယ်လို့ သိရပါတယ်။ အသက်အရွယ်က ငယ်ရွယ်သေးတယ်ဆိုပေမယ့် ဘာဒီယာရှီးဟာ ပရိုအဆင့်အတွေ့အကြုံများစွာ ရရှိထားပြီး စီနီယာအသင်းမှာလည်း ပွဲ ၁၀၀  ကျော်ကစားထားပြီးဖြစ်ပါတယ်။ အသက် ၁၇ နှစ် အရွယ်မှာကတည်းက မိုနာကိုအသင်းမှာ ပွဲဦးထွက်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်အရွယ် အဓိကကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်။

အရပ်အမောင်းမြင့်မားပြီး၊ ကြံ့ခိုင်မှုကောင်းသလို၊ နိုင်လိုစိတ်လည်း ပြင်းထန်သူဖြစ်ပါတယ်။ ဘောလုံးစကေးနဲ့ လူငယ်ကစားသမားပီပီ သက်လုံကောင်းမှုတွေကြောင့်လည်း အားနည်းချက်အလွန်နည်းတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ #မိုနာကို #ချဲလ်ဆီး #ဘာဒီယာရှီး