ရှေ့သို့
Image

ပွဲထွက်ခွင့်မပေးတဲ့ ဂွာဒီယိုလာအပေါ် စိတ်ပျက်နေပြီ ဖြစ်တဲ့ အကြောင်း ဝန်ခံပြောဆိုလိုက်တဲ့ ဂမ်ဒိုဂန်

2:48 PM, 27 July

မန်စီးတီးအသင်းရဲ့ တိုက်စစ်အားသန် ကွင်းလယ်ကစားသမား တစ်ဦဖြစ်တဲ့ ဂမ်ဒိုဂန် က သူ့အနေနဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမဲ့ ပွဲထွက်ကစားခွင့်မရတဲ့အပေါ် စိတ်ပျက်နေတဲ့ အကြောင်းကို ဝန်ခံပြောဆိုလိုက်တာဖြစ်ပါတယ်။

ဂျာမနီကွင်းလယ်ကစားသမား ဂမ်ဒိုဂန် က ပြီးခဲ့တဲ့ ရာသီမှာ ဗီလာအသင်းနဲ့ ပွဲစဉ်အတွင်း၌ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေခဲ့တဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးထားခဲ့ သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းက လီဗာပူးအသင်းကို တစ်မှတ်အသာနဲ့ လိဂ်ချန်ပီယံဆုကို အရယူနိုင်ခဲ့တာဖြစ်ပြီး တော့ အရေးပါတဲ့ သွင်းဂိုးတွေကို ပုံမှန်သွင်းယူပေးနေခဲ့တဲ့ ကွင်းလယ်ကစားသမား ဂမ်ဒိုဂန်ကတော့ အရန်ခုံမှာ သာ အချိန်ကုန် နေခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို မန်စီးတီးကွင်းလယ်လူ ဂမ်ဒိုဂန် က “ကစားသမားတွေအားလုံးက ပွဲထွက်ခွင့်ရရှိချင်တာကြောင့် ကောင်းကောင်း ကစားကြရတာပါ။ ကျွန်တော်မှတ်မိပါသေးတယ်။ ပြီခဲ့တဲ့ ရာသီက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပွဲထွက်ခွင့်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေခဲ့တာ ဖြစ်ပေမယ့် တကယ် လူစာရင်းကို ထုတ်ပြန်တဲ့အခါ ကျွန်တော့် နာမည်ကို မတွေ့ ရတော့ပါဘူး။ ဒါက ကျွန်တော့ကို အကြီးအကျယ် စိတ်ပျက်စေခဲ့တာပါ”

“ပွဲထွက်ခွင့်ရရှိတဲ့ ကစားသမားတွေကို ကြိုစားကစားကြဖို့ အကြံပြုစကားကို  ကြိုးစားပြောဆိုနေခဲ့ရပေမဲ့ အမှန်တိုင်းပြောရရင် အဲ့ဒီနေ့က ဘောလုံးပွဲကို ကျွန်တော် ကောင်းကောင်း အာရုံစိုက်နိုင်ခဲ့ခြင်း မရှိပါဘူး”“ကိုယ်က ခြေစွမ်းကောင်းတွေပြသနေနိုင်တဲ့ အခိုက်အတန့်မှာတော့ ပုံမှန်ပွဲထွက် ကို သေချာပေါက် ရချင်မိတာပေါ့ဗျာ”လို့ “Together Champion Again” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် တစ်ခုအတွင်းမှာ ရင်ဖွင့် ပြောဆိုခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဂမ်ဒိုဂန်