ရှေ့သို့
Image

ဒမ်ဘီလီနဲ့ ပီယာနစ်တို့အပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်း သက်သေပြသွားခဲ့တဲ့ ဘာစီလိုနာနည်းပြ ဇာဗီ

1:46 PM, 27 July

ဘာစီလိုနာအသင်းရဲ့ နည်းပြချုပ်ဖြစ်တဲ့ ဇာဗီက အသင်းရဲ့ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေကြရတဲ့ ဒမ်ဘီလီနဲ့ ပီယာနစ်တို့အပေါ်မှာ ယုံကြည်မှု ရှိနေဆဲဖြစ်တဲ့ အကြောင်း သက်သေပြတဲ့ အနေနဲ့  ဒီနေ့နံနက်ခင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ ဂျူဗင်တပ်အသင်းကို ၂ဂိုး - ၂ဂိုး ရလဒ်ဖြင့် သရေလဒ်နဲ့ ပြီးဆုံးခဲ့တဲ့ ပွဲစဉ်အတွင်း၌ ထည့်သွင်း အသုံးပြု သွားခဲ့တာပဲ ဖြစ်ပါတယ်။

ခြေစမ်းပွဲစဉ်အတွင်း၌ ဒမ်ဘီလီက ခြေစွမ်းကောင်းပြသကာ အသင်းအတွက် ၂ဂိုး သွင်းယူပေးသွားခဲ့သလို၊ ကွင်းလယ်ကစားသမားဖြစ်တဲ့ ပီယာနစ်က ကလည်း ပုံစံကောင်းတွေ ပြသကာ ကစားပေးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နည်းပြ ဇာဗီက ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီကို စာချူပ်သက်တမ်း တိုးမြှင့်လိုက်ပြီးနောက် ခြေစွမ်းကောင်းတွေကို ပုံးမှန်ပြသသွားနိုင်ဖို့ တောင်းဆိုမှု ပြုလုပ်ထားတာ ပဲဖြစ်ပါတယ်။

“သူက တောင်ပံတစ်လျောက်မှာ ကစားသမား ၂ယောက်လောက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်တဲ့ ကစားသမားဖြစ်ပြီး ဘာတွေ လုပ်ဆောင်နိုင်သလဲ ဆိုတာကို ပြသသွားနိုင်ခဲ့တာကြောင့် သူက ထူးခြားတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်” “ဒမ်ဘီလီ အနေနဲ့ ပုံစံကောင်းတွေကို အမြဲပြသသွားနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး သွင်းဂိုးတွေကိုလည်း ပိုမိုသွင်းယူပေးနိုင်ဖို့ လိုပါတယ်။ ကျွန်တော်သူ့ကို ဒီအသင်းဆီရောက်ရှိလာပြီးမှ သိခဲ့ရတာဖြစ်ပြီး အသင်းရဲ့ အစီအစဉ်တွေမှာပါဝင်ချင်တဲ့အကြောင်း အမြဲလာပြောလေ့ရှိတာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလမှာကတည်းက သူ့ကို အတော်လေး နှစ်သက်ခဲ့ရတာပါ” လို့ နည်းပြ ဇာဗီက ပြောဆိုလိုက်တာပါ။

နောက်ထပ် ပရိသတ်တွေအကြားမှာ ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ဖြစ်နေရတဲ့ ကွင်းလယ်ကစားသမား ပီယာနစ်ကိုလည်း“ကျွန်တော် ပီယာနစ်ကို အများကြီး နှစ်သက်မှု ရှိပါတယ်။ သူ့လို ဘောလုံးမြင်ကောင်းမွန်တဲ့ ကွင်းလယ်ကစားသမား မျိုးက အသင်းမှာ အများကြီး မရှိပါဘူး။ သူ့ရဲ့ ဘောလုံးထိချက်တိုင်းက ထူးခြားမှုရှိပါတယ်” “သူက တိုက်စစ်အမြင်ရှိတဲ့သူဖြစ်လို့ နံပါတ် ၉ နေရာမှာ ကစားတဲ့ အထောင်တိုက်စစ်ကစားသမားဆီ ဘောလုံးပံ့ပိုးမှု ကောင်းကောင်း ပေးနိုင်ပြီး ကစားနေတဲ့ ပွဲစဉ်ကိုလည်း ကောင်းကောင်းဖတ်နိုင်တဲ့ သူဖြစ်ပါတယ်” လို့ချီးကျူးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ဒမ်ဘီလီ #ပီယာနစ် #ခြေစမ်းပွဲ