ရှေ့သို့
Image

ဘင်ဂျမင်ဆက်ကို ကိုလိုချင်ရင် သန်း ၃၀၀ နဲ့ ဘရူနိုဖာနန်ဒက်ပေးရမယ်လို့ တုံ့ပြန်ခဲ့တဲ့ ဆဲလ်ဘတ်

4:18 PM, 26 July

သြစတြီးယားကလပ် ရက်ဘူးဆဲလ်ဘတ်အသင်းကတော့ သူတို့ရဲ့တိုက်စစ်မှူး ဘင်ဂျမင်ဆက်ကို ကိုမန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်ခဲ့ပါတယ်။

ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်နဲ့ နယူးကာဆယ်တို့ဟာ ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ လက်ရှိဥရောပရဲ့ အလားအလာအကောင်းဆုံး တိုက်စစ်မှူးကို ချိတ်ဆက်နေကြတာလည်း ဖြစ်ပါတယ်။ နာမည်ကျော် အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဒီတစ်ပတ်ထဲမှာပဲ ယူနိုက်တက်ဟာ ဆက်ကို ကိုအနီးကပ်စောင့်ကြည့်နေကြောင်း သတင်းတစ်ခု တင်ခဲ့ပါတယ်။

ဒါပေမယ့် ရိုမာနိုရဲ့ အဆိုပါသတင်းပို့စ်ကို ဆဲလ်ဘတ်တွစ်တာအကောင့်က ပြန်ရှဲပြီး “ ငါတို့ကတော့ သန်း ၃၀၀ + ဘရူနိုပဲ လိုချင်ပါတယ် ” ဆိုပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆက်ကိုဟာ အရပ် ၆ ပေနဲ့ ၄ လက်ထိ မြင့်သူဖြစ်ပြီး လက်ရှိဆဲလ်ဘတ် အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ အာလင်းဟာလန်း၊ ပက်ဆန်ဒါကာနဲ့ ကာရင်အဒီယီမီတို့လို တိုက်စစ်မှူးကောင်းတွေ မွေးထုတ်ပေးနေတဲ့ ဆဲလ်ဘတ်အတွက်တော့ ဆက်ကိုကလည်း နောက်ထပ်ပိုက်ဆံရှာပေးဦးမယ့် တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #ဆဲလ်ဘတ် #ဆက်ကို