ရှေ့သို့
Image

ဒီလစ်ချ်နဲ့ ပတ်သက်ပြီး ဂျူဗင်တပ်ကို ထိုးနှက် ပြောဆိုလိုက်တဲ့ ဘိုင်ယန် နည်းပြ နာဂယ်စ်မန်း

2:53 PM, 26 July

ဘိုင်ယန်မြူးနစ် အသင်းရဲ့ နည်းပြ နာဂလ်စ်မန်းက ကစားသမားသစ် ဒီလစ်ချ်အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ရောက်ရှိလာပြီးနောက် မကြုံဖူးသေးတဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေရတဲ့ အကြောင်းကို ဂျူဗင်တပ် အသင်းအား ရည်ရွယ်ကာ လှောင်ပြောင် ပြောဆိုလိုက်ပါတာ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ် အသင်းက ဒီလစ်ချ်အတွက် ဂျူဗင်တပ် အသင်းနဲ့ ဆွေးနွေး ပြောဆိုမှု အပြီးမှာ ပေါင် ၆၈သန်းနဲ့ အကြာသေးမီအချိန်ကပဲ ခေါ်ယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။“ကျွန်တော် ဒီလစ်ချ်နဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ပြီးလို့ စကားပြောကြည့်တဲ့အခါ ၄နှစ်လောက်အတွင်း သူကြုံဖူးသမျှ လေကျင့်ခန်းတွေထဲမှာ အခက်ခဲဆုံးဖြစ်တယ်လို့ ပြန်ပြောပါတယ်”လို့ နာဂယ်စ်မန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ဂျာမနီကလပ် ဘိုင်ယန်မြူးနစ် အသင်းက သူတို့ ကစားသမားတွေရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု အပိုင်းကို တောင့်တင်းမှု ရှိလာအောင် လေ့ကျင့်ပေးတဲ့ နေရာမှာ နာမည် ကျော်ကြားလျက် ရှိနေတာလည်း ဖြစ်ပါတယ်။ အခု အသင်းကို ရောက်ရှိလာတဲ့ ဒီလစ်ချ် အနေနဲ့လည်း ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပြင်းထန်တဲ့ ကိုယ်ကာယ လေ့ကျင့်မှုတွေကို  ပြုလုပ်နေရပြီ ဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ် အသင်းကတော့ ဒီသီတင်းပတ်ထဲမှာ ယှဉ်ပြိုင် ကစားသွားရမယ့် Super Cup မတိုင်မီ အမေရိကန်ကို ရာသီကြို ခြေစမ်း ခရီးစဉ် အဖြစ် သွားရောက်ကာ မန်စီးတီး၊ ဒီစီယူနိုက်တက် အသင်းတို့နဲ့ ရင်ဆိုင် ကစားခဲ့ပြီးပြီ လည်း ဖြစ်ပါတယ်။ ဒီလစ်ချ်က ဂျူဗင်တပ် အသင်းနဲ့ စာချူပ် သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပေမဲ့ အသင်း ပြောင်းရွှေ့ ကစားဖို့ ရွေးချယ်ခဲ့ပြီး ဂျာမနီကလပ် ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ လာခဲ့တာပဲ ဖြစ်ပါတယ်။ 

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #နာဂယ်စ်မန်း #ဒီလစ်ချ်