ဟာလန်းက မန်စီးတီး အသင်းအတွက် ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တဲ့ ကာရေဂါ
11:17 AM, 26 July
သတင်း အစီအစဉ် တင်ဆက်သူ ကာရေဂါက မန်စီးတီး အသင်းက ဒီနှစ် နွေ အပြောင်းအရွှေ့ ကာလ အတွင်း အသစ်ခေါ်ယူထားတဲ့ တိုက်စစ် ကစားသမား ဟာလန်း အနေနဲ့ မန်စီးတီး အသင်း အတွက် ပရီးမီးယားလိဂ် ဖလား ပြိုင်ပွဲ အတွက် ပွဲအဖြေ ပြောင်းလဲ ပေးနိုင်လောက်တဲ့ ကစားသမားမျိုးဖြစ်မှာ မဟုတ်ပေမဲ့ သူတို့အသင်းရဲ့ အဓိက မျှော်လင့်ချက် တစ်ခု ဖြစ်နေတဲ့ ချန်ပီယံလိဂ် ဆုဖလား ရရှိလာအောင်တော့ ကူညီပေးနိုင် ပါလိမ့်မယ်လို့ သုံးသပ် ပြောဆိုမှု ပြုလုပ်လိုက်တာပါ။
ဒေါ့မွန် အသင်းနဲ့ အတူ တဟုန်ထိုးတောက်ပလာခဲ့တဲ့ နော်ဝေလ် လက်ရွေးစင် ဟာလန်းက ဒီနှစ် အပြောင်းအရွေ့ ရာသီ အတောအတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဟာလန်းရဲ့ အသင်း အပေါ် သက်ရောက် နိုင်စွမ်းနဲ့ ပတ်သတ်လို့ ပရိတ်သတ်တွေအနေနဲ့ စိတ်လှုပ်ရှားနေကြရတာလည်း ဖြစ်ပါတယ်။
ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းက ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ၅ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ၄ကြိမ်အထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပြီး လီဗာပူးတစ်သင်းသာ ၂၀၁၉-၂၀၂၀ ရာသီက ကြားဖြတ်ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးတိုက်စစ်မှုး ဟာလန်းနဲ့ ပက်သက်လို့ လီဗာပူး ဂန္ဓဝင်ကစာသမားဖြစ်တဲ့ ကာရေဂါ က“ပြီးခဲ့တဲ့ ရာသီတွေမှာလည်း မန်စီးတီးသီးအသင်းက ပရီးမီးယားလိဂ် ဖလားကို ရယူ ထားနေခဲ့တာဖြစ်လို့ ဟာလန်း အနေနဲ့ လိဂ်ပြိုင်ပွဲ အတွင်းမှာတော့ ထူးထူးခြားခြား စွမ်းဆောင်ပြနေဖို့ လိုမယ်တော့ ကျွန်တော် မထင်ပါဘူး”
“မန်စီးတီး အသင်း အနေနဲ့ ဟာလန်း မပါဘဲလည်း ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နေနိုင်ခဲ့တာဖြစ်လို့ ဟာလန်းကို ခေါ်ယူခဲ့နိုင်တာက ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် အဓိက အားကိုးအားထား ပြုနိုင်မှာပါ။ ပြီးခဲ့တဲ့ ရာသီမှာ ရီရဲလ်အသင်း ကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ဆီးမီးဖိုင်နယ် ပွဲစဉ်မျိုးမှာဆို ဟာလန်းက ကောင်းကောင်း ပြောင်လဲ ပေးနိုင်လိမ့်မယ် လို့ ထင်ပါတယ်”
“မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ရာသီမှာ လိဂ်ပြိုင်ပွဲအတွင်း ၉၃မှတ်အထိ ရယူထားနိုင်ခဲ့ကာ ချန်ပီယံ သရဖူကို ဆောင်းယူ ထားနိုင်ခဲ့တာကြောင့် ဟာလန်းလို ထိပ်တန်း တိုက်စစ် ကစားသမားကို ခေါ်ယူနိုင်ခြင်းက ပရီးမီးယားလိဂ် ပြိုင်ပွဲထက် ချန်ပီယံလိဂ် ဖလား ရရှိအောင် စွမ်းဆောင်တဲ့ နေရာမှာ ကြီးမားတဲ့ အခွင့်အရေး ဖြစ်လာစေမှာ ပါ” လို့ သုံးသပ် ပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၂၂နှစ် အရွယ် ဟာလန်းက ဒေါ့မွန် အသင်းနဲ့ အတူ ၈၉ပွဲ ပါဝင်ကစားပြီး ၈၆ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းက ဟာလန်းအပြင် ကယ်လ်ဗင် ဖီးလစ် နဲ့ စတက်ဖန်အော်တက်ဂါ တို့ကို ခေါ်ယူ ထားခဲ့သေးတာလည်း ဖြစ်ပါတယ်။
#မန်စီးတီး #ဂွါဒီယိုလာ #ဟာလန်း #ကာရေဂါ