ရှေ့သို့
Image

ဝါနာကို ပြန်လည် ခေါ်ယူရန် အသင်းဟောင်း လိုက်ပ်ဇစ်အသင်း စိတ်ဝင်စားနေ

8:56 AM, 26 July

ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး တီမို ဝါနာကို  အသင်းဟောင်း လိုက်ပ်ဇစ်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ နည်းပြ တူချယ်လက်အောက် စွမ်းဆောင်ရည် ဆိုးရွားနေခြင်းကြောင့် ကြီးမားစွာ ဝေဖန်ခံနေရပြီး ဂျူဗင်တပ်စ်ထံ ဒီလစ်ချ်နဲ့ အလဲအထပ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။

ဝါနာဟာ လိုက်ပ်ဇစ်ကနေ ပေါင်၅၃သန်းနဲ့ ရောက်ရှိလာပြီးနောက် ၈၉ပွဲ ကစားရာမှာ ၂၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာပြီး ၂ရာသီဆက် ဝါနာဟာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ယခုအချိန်မှာတော့ ကွင်းတွင်းစွမ်းဆောင်ရည်က တူချယ်ကို စိတ်ပျက်စရာ ဖြစ်လာစေခဲ့ပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာတော့ ဝါနာက ယခုနှစ် ကမ္ဘာ့ဖလားမတိုင်ခင် ပွဲထွက်ခွင့်ရမယ့် ဘယ်နေရာမှာမဆို ကစားချင်တယ်လို့ ပြောထားခဲ့ပါတယ်။

တူချယ်ကတော့ ဝါနာရဲ့ ယခုလို ပြောဆိုမှုအပေါ် အံ့အားသင့်မိပါတယ်ဆိုပြီး တုံ့ပြန်ထားခဲ့ပါတယ်။ ဒေါ့မွန်ကလည်း စိတ်ဝင်စားနေပေမဲ့ ချဲလ်ဆီးကတော့ အပြောင်းအရွှေ့တစ်ရာသီအတွင်း အဓိက တိုက်စစ်မှူး၂ဦးစလုံးကို ရောင်းချလိုခြင်းတော့ မရှိပါဘူး။ ဖြစ်နိုင်တာကတော့ ချဲလ်ဆီးအနေနဲ့ ဝါနာကို ရာသီကုန်ထိ ဆက်ထားပြီး စာချုပ်သက်တမ်း ၁နှစ်ကျန်တဲ့ ၂၀၂၃ခုနှစ်မှ အနာဂတ်အပေါ် ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

#ချဲလ်ဆီး #လိုက်ပ်ဇစ် #ဝါနာ #တူချယ်