ရှေ့သို့
Image

ဝက်စ်ဟမ်းကို ပြောင်းရွှေ့တော့မယ့် ဆကာမက်ကာရဲ့ သတင်းကို အတည်ပြုလိုက်တဲ့ ဆက်ဆူဆူအိုလို အမှုဆောင်ချူပ်

4:26 PM, 25 July

ဆက်ဆူအိုလိုအသင်းရဲ့ အမှုဆောင်ချူပ်ဖြစ်သူက သူတို့အသင်းရဲ့ အီတလီတိုက်စစ်ကစားသမား ဆကာမက်ကာကို ဝက်စ်ဟမ်း အသင်းဆီသို့ ရောင်းချလိုက်ပြီ ဖြစ်တဲ့ အကြောင်းကို အတည်ပြု ပြောဆိုလိုက်ပါတယ်။

နည်းပြဒေးဗစ်မိုယက်စ်ကို ခန့်အပ်ခဲ့ပြီးနောက် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဟမ်းမားတို့က ဒီနှစ်အပြောင်းအရွှေ့ ရာသီမှာပဲ နေးရပ်စ် အက်ဂွာဒ်၊ အယ်လ်ဖွန်စီ အရီယိုလာနဲ့ ဖလင်းန် ဒေါင်းန် တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆကာမာကာက ဝက်စ်ဟမ်းအသင်းရဲ့ ဒီရာသီမှာ ၄ယောက်မြောက် ခေါ်ယူမှု ဖြစ်တယ်ဆို တဲ့ သတင်းတွေအပေါ် ဆက်ဆူအိုလို အမှုဆောင်ချူပ် ဂျော်ဗန်နီ ကာနီဗယ်လ်လီက မှန်ကန်မှုရှိတဲ့ အကြောင်း အတည်ပြုပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ကစားသမား စကာမာကာ အား ဝက်စ်ဟမ်းအသင်းဆီကို ယူရို ၃၆သန်း + အပိုဆုကြေး ယူရို ၆သန်း အပြင် ကစားသမားအား ပြန်လည်ရောင်းချပါက ရရှိမယ့် အကျိုးခံစားခွင့် ၁၀% ပါထည့်သွင်းပြီး ရောင်းချလိုက်ပြီ ဖြစ်ပါတယ်” “သူက အရည်းသွေးမြင့်တဲ့ ကစားသမားဖြစ်တာကြောင့် ပရီးမီးယာလိဂ်မှာလည်း ခြေစွမ်းကောင်းတွေ ပြသသွားနိုင်မယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်” လို့ ဆက်ဆူအိုလိုအမှုဆောင်ချူပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆကာမက်ကာအား နွေအပြောင်းအရွှေ့ကာလရဲ့ အစောပိုင်းက အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်သီးကလပ်တွေက ခေါ်ယူဖို့ရန် ချိတ်ဆက်မှုတွေ ရှိခဲ့ပေမဲ့ ကစားသမားကတော့ အန်တိုနီယိုရဲ့ အတွဲအဖက်အဖြစ် ဝက်စ်ဟမ်းအသင်းကိုသာ သွားရောက် ကစားတော့မှာလည်း ဖြစ်ပါတယ်။

ဆက်ဆူအိုလိုအသင်းနဲ့အတူ စကာမာကာ က ၄၁ပွဲ ပါဝင်ကစားထားပြီး ၁၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ တာပဲဖြစ်ပါတယ်။
#အီတလီ #စီးရီးအေ #ဆက်ဆူအိုလို #ဆကာမက်ကာ