ရှေ့သို့
Image

အာဆင်နယ်ကို အရေးနိမ့်ခဲ့ပေမယ့်လည်း နောက်ခံလူသစ် ကူလီဘာလေကို တူချယ် ချီးကျူး

2:46 PM, 25 July

ချဲလ်ဆီးနည်းပြ တူချယ်က ဖလော်ရီဒါမှာ အာဆင်နယ်ကို ၄ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့်လည်း အသင်းနောက်ခံလူ ကူလီဘာလေရဲ့ ခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာ အာဆင်နယ်ကို ၄ ဂိုးပြတ် အရေးနိမ့်ခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက် ဂိုးတွေကို ဂျီးဆပ်စ် ၊ အိုဒီဂတ်၊ ဆာကာနဲ့ လိုကွန်ဂါတို့က သွင်းယူပေးခဲ့ပါတယ်။ တူချယ်က အဆိုပါရှုံးပွဲအပြီးမှာ အသင်းကစားသမားတွေကို ဝေဖန်ခဲ့ပြီး ရာသီသစ်အတွက် စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂျာမန်သားဟာ အဆိုပါပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကူလီဘာလေရဲ့ ခြေစွမ်းကိုတော့ ချီးကျူးခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါသားဟာ ပြီးခဲ့တဲ့အပတ်တုန်းက နာပိုလီအသင်းထံကနေ ပေါင် ၃၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နောက်ဆုံးမိနစ် ၂၀ လောက်ကို ဝင်ကစားခဲ့ပါတယ်။

“ကျွန်တော်တို့အတွက် သူကအကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ တကယ့်ကို ထိပ်တန်းအဆင့်ခြေစွမ်းမျိုးပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အာဆင်နယ်နဲ့ ၅ မှတ်အကွာ ၊ စီးတီးနဲ့ ၁၉ မှတ်အထိ ကွာဟခဲ့ပါတယ်။ တူချယ်က မိမိတို့အသင်းဟာ လီဗာပူး နဲ့ မန်စီးတီးတို့ကို ယှဉ်နိုင်ဖို့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ချန်ပီယံလိဂ်မကစားရတဲ့အသင်းကိ အရေးနိမ့်ခဲ့တာပါ။ လက်ရှိအချိန်မှာ သူတို့အသင်းက တော်တော်လေးကောင်းပါတယ်။ အရှုံးရလဒ်နဲ့ထိုက်တနပါတယ်။  ကျွန်တော်တို့ဘက်ကလည်း ခြေစွမ်းကောင်းတစ်ရပ်ရှိမနေခဲ့တာပါ။ အာဆင်နယ်က အကောင်းဆုံး လူအင်အားတစ်ရပ်ရှိနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း အဲ့တာကို အသုံးချပါလိမ့်မယ်”လို့ တူချယ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #ကူလီဘာလေ #ခြေစမ်းပွဲ